AD
AD
AD
play

 

One Direction အဆိုတော် လီယမ်ပင်းန်ဟာ ချယ်ရီ့ကို သူတို့နှစ်ဦးရဲ့ ပထမဆုံးကလေးကို မွေးပြီးတာနဲ့ ချက်ချင်း လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

play
င်ဘာလေဝေါ့ရှ်နဲ့ သူမရဲ့ခင်ပွန်း ဂျက်စတင်စကော့တ်

 

တကယ်တော့ ချယ်ရီရဲ့သူငယ်ချင်း အဆိုတော် ကင်ဘာလေဝေါ့ရှ်ကို  သူမရဲ့ခင်ပွန်း ဂျက်စတင်စကော့တ်က အဲဒီနည်းအတိုင်း လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။

play
ကင်ဘာလေဝေါ့ရှ်နဲ့ ချယ်ရီ

 

"ဂျက်စတင်ရဲ့နည်းလမ်းကို သိသွားတော့ လီယမ်က အဲဒီအတိုင်းပဲ လက်ထပ်ခွင့်တောင်းဖို့ စိတ်ကူးရနေတယ်။ လီယမ့်ကို ပေးတဲ့ အကြံဉာဏ်တွေကတော့ အများကြီးပဲ။ ကျွန်တော်တို့ မျှော်လင့်ထားတာထက်ကို မင်္ဂလာပွဲက မြန်မြန်ဆန်ဆန်ရောက်လာတော့မှာပါ" လို့ လီယမ်နဲ့ ရင်းနှီးသူတစ်ဦးက ပြောခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် ချယ်ရီနဲ့ အသက် ၂၃ နှစ်အရွယ် လီယမ်တို့ရဲ့ လျှို့ဝှက်အချစ်ဇာတ်လမ်းကို ဖေဖော်ဝါရီလအတွင်းက မီဒီယာတွေက ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

play

 

ဇွန်လမှာတော့ ချယ်ရီ့မှာ ကိုယ်ဝန်ရှိနေပြီလို့ သတင်းတွေ ထွက်လာခဲ့ပေမဲ့ ပြီးခဲ့တဲ့အပတ်ကမှသာ ချယ်ရီက ကိုယ်ဝန်ဆောင်ဗိုက်ကိုဖော်ပြီး ပွဲတက်ရင်း ယင်းသတင်းကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ကိုယ်ဝန်ရှိနေကြောင်းကို ချယ်ရီက လူသိရှင်ကြားမပြောခဲ့ပေမဲ့ သူမရဲ့သူငယ်ချင်းတွေနဲ့ မိသားစုကိုတော့ ပြောပြခဲ့ပါတယ်။

"ချယ်ရီက ဘာကိုမှ ဖုန်းကွယ်ထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက အရာရာကို သူ့နည်းလမ်းနဲ့သာလုပ်ချင်တာ" လို့ ရင်းနှီးသူတစ်ဦးက ပြောခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD