play

 

စူဟီးရိုးဇာတ်ရုပ်တွေနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ ခရစ္စအီဗန်နဲ့ စကားလက်ဂျိုဟန်ဆန်တို့ဟာ အမေရိကန်စစ်သည်တွေအတွက် တကယ်ပဲ စူပါဟီးရိုးတွေဖြစ်လာပါတယ်။ သူတို့နှစ်ဦးက အမေရိကန်စစ်သည်တွေနဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ USO အဖွဲ့နဲ့အတူ ရှေ့တန်းက စစ်သည်တွေထံ သွားရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

 

အာဖဂန်နစ္စတန်၊ ကာတာ၊ တူရကီနိုင်ငံတွေမှာ စစ်မှုထမ်းနေတဲ့ အမေရိကန်စစ်သည်တွေထံကို ဒီဇင်ဘာ ၇ ရက်နေ့က သွားရောက်ခဲ့ကြတာပါ။ ခရစ္စက စစ်သည်တွေကို ကျေးဇူးတင်မဆုံးရှိနေပြီး  လေးစားမိပါကြောင်းကိုလည်း တွစ်တာပေါ်မှာ ဂုဏ်ပြုရေးထားပါတယ်။

play

 

Bagram လေတပ်အခြေစိုက်စခန်းက စစ်သည်တွေ၊ အမျိုးသမီးစစ်သည်တွေနဲ့အတူ မိနစ် ၂၀ ခန့် အမေးအဖြေ ပြုလုပ်ခဲ့ကြပါသေးတယ်။ စကားလက်ဂျိုဟန်ဆန်ကလည်း ဒီအတွေ့အကြုံအတွက် အရမ်းကိုစိတ်လှုပ်ရှားခံစားမိတယ်လို့ ဆိုပါတယ်။

Source : Pop Sugar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video