International Celebrity: ဒိုင်ယာနာရဲ့ သရဖူကိုဆောင်းလို့ ဘက်ကင်ဟမ်နန်းတော်ကို ထိန်လင်းစေခဲ့တဲ့ ကိတ်မစ်ဒယ်လ်တန်

အနီရဲရဲဂါဝန်ရှည်ကြီးနဲ့ တွဲဖက်ဝတ်ဆင်ထားပါတယ်။

play

 

မင်းသားဝီလျံရဲ့ ကြင်ယာတော် (ကိမ်းဘရစ်ခ်ျမြို့စားကတော်) ကိတ်မစ်ဒယ်လ်တန်ဟာ မင်းသမီး ဒိုင်ယာနာရဲ့ သရဖူကို ဒုတိယအကြိမ်အဖြစ် ဝတ်ဆင်ခြင်း ဖြစ်ပါတယ်။

အဲဒီသရဖူဟာ ၁၉၈၁ ခုနှစ်က အဲလိဇဘက်ဘုရင်မကြီးက ဒိုင်ယာနာကို မင်္ဂလာလက်ဖွဲ့အဖြစ် ပေးခဲ့တာ ဖြစ်ပါတယ်။

play

 

ကိတ်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ယောက္ခမရဲ့ သရဖူနဲ့ တော်ဝင်ဆန်စွာ ကျက်သရေရှိရှိ လှပနေတာကို မြင်တွေ့ရပါတယ်။

play

 

ကိတ်ဟာ ဘက်ကင်ဟမ်နန်းတော်မှာ ကျင်းပတဲ့ ဗြိတိန်သံတမန်များ တွေ့ဆုံပွဲကို ဂုဏ်ပြုတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

တော်ဝင်မိသားစုဝင်ထဲကို ဝင်တာ ၅ နှစ်ကျော်ပြီဖြစ်ပေမဲ့ ကိတ်ဟာ သရဖူတွေကို ဝတ်ဆင်လေ့မရှိလှဘဲ အခုအကြိမ်ဟာ သူမရဲ့ ပဉ္စမအကြိမ် ဝတ်ဆင်ခြင်းဖြစ်ပါတယ်။

play

 

ပုံမှန်အားဖြင့် နှစ်စဉ်ကျင်းပတဲ့ ဒီပွဲက ဓာတ်ပုံတွေကို အပြင်မှာ ပျံ့နှံ့စေခြင်း မရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ဘက်ကင်ဟမ်နန်းတော်က ညစာမစားခင်မှာ တော်ဝင်မိသားစုရဲ့ ဓာတ်ပုံတွေကို ရိုက်ကူးခွင့် ပေးခဲ့ပါတယ်။

Source & Photos Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ