International Celebrity: မွေးနေ့မှာ အနားယူခဲ့တဲ့ နစ်ကီမီနာ့

နစ်ကီမီနာ့ဟာ ဒီဇင်ဘာလ ၈ ရက်နေ့မှာ အသက် ၃၄ နှစ်ပြည့်သွားခဲ့တာပါ။

play

 

နစ်ကီမီနာ့ဟာ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ အသက် ၃၄ နှစ်ပြည့်မွေးနေ့အမှတ်တရအဖြစ် ဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။

ရက်ပါတစ်ယောက်ဖြစ်တဲ့ နစ်ကီဟာ သူမရဲ့မွေးနေ့မှာ Turks and Caicos ကို အနားယူဖို့ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့မွေးနေ့မှာ အနီရဲရဲတစ်ဆက်တည်း ရေကူးဝတ်စုံကို ဝတ်လို့ အသက် ၃၀ ကျော်နေပေမဲ့ လှပနေသေးကြောင်း ပြသခဲ့ပါတယ်။

play

 

သူမရဲ့ဆက်စီကျတဲ့ ခန္ဓာကိုယ်ကို ပိုမိုပေါ်လွင်စေဖို့အတွက် ဒေါက်မြင့်ဖိနပ်အနက်ရောင်ကို ဝတ်ဆင်ကာ ဆံထုံးမြင့်မြင့်ထုံးထားကာ သေချာအလှပြင်ထားတာကို တွေ့ရပါတယ်။

"အရှင်..နောက်ထပ်တစ်နှစ် ပေးသနားတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ နစ်ကီက သူမရဲ့ဓာတ်ပုံကို အင်စတာဂရမ်မှာတင်ရင်း ရေးသားခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ