International Celebrity: မိုက်ကယ်ဂျက်ဆင်နဲ့ အနမ်းခြွေဖြစ်ခဲ့ပုံကို ပြောပြခဲ့တဲ့ မက်ဒေါနား

ဒီအကြောင်းကို ဘယ်သူမှ မသိခဲ့ပါဘူး။

play

 

မက်ဒေါနားက ဘယ်သူမှ မသိသေးတဲ့ လျှို့ဝှက်ချက်တစ်ခုကို ဖွင့်ဟလိုက်တာ ဖြစ်ပါတယ်။

အသက် ၅၈ နှစ်အရွယ် မက်ဒေါနားဟာ ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်နဲ့ ၁၉၈၀ ပြည့်နှစ်များအတွင်းက ပထမဆုံးတွေ့ဆုံခဲ့တာဖြစ်ပြီး အရမ်းခင်တဲ့သူငယ်ချင်းတွေ ဖြစ်ခဲ့ပါတယ်။

play

 

ဂျိမ်းစ်ကော်ဒန်ရဲ့ Carpool Karaoke အစီအစဉ်မှာ မက်ဒေါနားက သူတို့နှစ်ယောက်ဟာ အနမ်းခြွေဖူးကြောင်း ဖွင့်ဟလိုက်တာဖြစ်ပါတယ်။

"မိုက်ကယ်ဂျက်ဆင်နဲ့  ညဘက်အတူထွက်ရတာ ဘယ်လိုလဲ" လို့ ဂျိမ်းက မက်ဒေါနားကို မေးလိုက်ပါတယ်။

"နင် ငါ့ကို နမ်းချင်တယ်ဆိုရင် ပြောနော်"လို့ သူမက ပြောလိုက်ကြောင်း မက်ဒေါနား ပြန်ဖြေခဲ့ပါတယ်။

"ခင်ဗျားတို့ နမ်းဖြစ်ခဲ့လား" လို့ ဂျိမ်းစ်က အံ့သြတကြီးပြန်မေးလိုက်ပါတယ်။

"နမ်းတာပေါ့" လို့ မက်ဒေါနားက ပြန်ဖြေခဲ့ပါတယ်။

play

 

ဘယ်သူကမှ မမေးဖူးတဲ့အတွက် ဒီအကြောင်းကို မပြောခဲ့တာပါလို့ မက်ဒေါနားက ဆိုပါတယ်။

Source & Photos : then Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ