International Celebrity: အန်ဂျလီနာဂျိုလီရဲ့နှုတ်ခမ်းထက် ပိုပြီး လူကြိုက်များလှတဲ့ နှုတ်ခမ်းပိုင်ရှင်

ဘယ်သူမှ ထင်မှတ်မထားပါဘူး။

play

 

မိန်းကလေးတွေ အနှစ်ခြိုက်ဆုံး နှုတ်ခမ်းပိုင်ရှင်ကို သိရဖို့ စစ်တမ်းတစ်ခုကောက်ယူခဲ့ရာမှာ အန်ဂျလီနာဂျိုလီဟာ ဒုတိယနေရာမှာသာ ရှိနေခဲ့ပြီး သူမရဲ့နောက်မှာတော့ ရီဟားနား၊ စကားလက်ဂျိုဟန်ဆန်၊ ရိုစီဟန်တင်တန်ဝှိုက်တလေနဲ့ မီဂန်ဖောက်စ်တို့ ရှိနေခဲ့ပါတယ်။

play

 

ဆက်စီအကျဆုံး နှုတ်ခမ်းပိုင်ရှင်အဖြစ် သတ်မှတ်ခံလိုက်ရသူကတော့ အဆိုတော် တေလာဆွစ်ဖြစ်ပါတယ်။

play

 

သူမရဲ့နှုတ်ခမ်းကျပုံက အမျိုးသမီးအများစု လိုက်လံတုပချင်ဆုံး ပုံစံဖြစ်တယ်လို့ ယင်းစစ်တမ်းအရ ဆိုထားပါတယ်။

အမျိုးသမီးတွေဟာ သူတို့အကြိုက်ဆုံး ဆယ်လီတွေရဲ့နှုတ်ခမ်းပုံစံအတိုင်းရအောင် Filler တွေဖြည့်လာတာ ခေတ်စားလာခဲ့ပြီး အများစုကြိုက်တာကတော့ တေလာဆွစ်ရဲ့နှုတ်ခမ်းလို့ ဆိုပါတယ်။

play

 

"တေလာဆွစ်ရဲ့နှုတ်ခမ်းက အပြစ်ပြောစရာမရှိဘူး။ သူမမှာ ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းစူပုံလေးနဲ့ မျှားနတ်မောင်ရဲ့မျှားပုံစံ နှုတ်ခမ်းလေးက အမျိုးသမီးအများအပြား လိုချင်တဲ့ပုံစံပါ" လို့ မျက်နှာအလှပြင် အထူးကု ဒေါက်တာ ဂျူလီယန်ဒီဆယ်လ်ဘာက ပြောပါတယ်။

"ဒါပေမဲ့ အသက် ၂၆ နှစ်ဆိုတော့ သူမရဲ့သဘာဝအလှက နောက် ၂ နှစ်လောက်ပဲ ခံလိမ့်မယ်" လို့ ဂျူလီယန်က ဆိုခဲ့ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ