International Celebrity: မီးဘေးသင့်ပြည်သူတွေကို တိတ်တဆိတ်လှူဒါန်းခဲ့ကြတဲ့ ပတ်ရှင်ဟေးနဲ့ယူဂျေဆော့

နှစ်ယောက်လုံးရဲ့အလှူကို အေဂျင်စီကတောင် မသိလိုက်ပါဘူး။

play

 

မကြာသေးခင်က တောင်ကိုရီးယားနိုင်ငံတွင်းမှာ ဖြစ်ပွားခဲ့တဲ့ Seomun ဈေး မီးလောင်မှုအတွက် မီးဘေးသင့်ပြည်သူတွေကို ပတ်ရှင်ဟေးနဲ့ ယူဂျေဆော့တို့က ငွေကြေးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ နှစ်ယောက်လုံးက ငွေကြေးလှူဒါန်းခဲ့ကြကြောင်းကိုလည်း လူသိအောင် ထုတ်ပြောတာမျိုး မလုပ်ခဲ့ဘဲ လှူခဲ့ကြတာပါ။

မီးဘေးသင့်ပြည်သူတွေကို ကူညီနေတဲ့ Hope Bridge Foundation အဖွဲ့က ပတ်ရှင်ဟေးနဲ့ယူဂျေဆော့တို့ဟာ ဝမ် သိန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၄၂၆၃၃ ဝန်းကျင်) လှူဒါန်းခဲ့ကြောင်း ထုတ်ပြောပါတယ်။ နှစ်ယောက်လုံးရဲ့အလှူကို အေဂျင်စီကတောင် မသိလိုက်ပါဘူး။ သိလိုက်ရင် ထုတ်ဖော်ကြေညာနေမှာစိုးတဲ့အတွက် တိတ်တဆိတ်ပဲလှူသွားကြတယ်လို့ Hope Bridge Foundation က ဆိုပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ