AD
AD
AD
play

 

မင်းသားကြီးဂျွန်နီဒပ်ဟာ သောကြာနေ့က လန်ဒန်မြို့ရှိ Great Ormond Street ကို ခရစ္စမတ်ပွဲအတွက် သွားရောက်ကာ ကလေးတွေနဲ့အတူ တွေ့ဆုံခဲ့ပါတယ်။ ဂျွန်နီရဲ့ နာမည်ကျော်ဇာတ်ရုပ်ဖြစ်တဲ့ ကပ္ပတိန်ဂျက်စပဲရိုးဝတ်စုံနဲ့ ကလေးတွေထံ လည်ပတ်ခဲ့တာပါ။

play

 

ဆေးကုသမှုခံယူနေတဲ့ ကလေးတွေကို ဂျွန်နီက ရင်းရင်းနှီးနှီး အားပေးခဲ့ပါတယ်။ ဒီဆေးရုံက ဂျွန်နီအတွက်တော့ အမှတ်တရရှိတဲ့ ဆေးရုံပါ။ သမီးဖြစ်သူ လီလီရို့စ်ရဲ့ကျောက်ကပ်ပြဿနာကို ၂၀၀၇ ခုနှစ်က ဒီဆေးရုံက အောင်အောင်မြင်မြင် ကုသပေးခဲ့တာလည်း ဖြစ်တာကြောင့် ဂျွန်နီဟာ ခရစ္စမတ်ကာလ ရောက်ပြီဆိုရင် ဆေးရုံက ကလေးတွေထံ လာရောက်တွေ့ဆုံလေ့ရှိပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD