International Celebrity: ဟောလိဝုဒ်စတားများနဲ့ သူတို့နဲ့တူတဲ့ သားသမီးများ

သူတို့ရဲ့ ကိုယ်ပွားလေးတွေပါ။

play

 

နာမည်ကျော်မိဘတွေရှိတဲ့ ကလေးတစ်ဦးရဲ့ဘဝက ပွဲလမ်းတွေနဲ့ ပြည့်နေတဲ့အပြင် အမြဲလိုချင်တာရကြရပါတယ်။ ဒါ့အပြင် အသက် ၈ နှစ်ကစလို့ ကိုယ်ပိုင် ခရက်ဒစ်ကတ် ကိုင်သုံးနိုင်ပါပြီ။

ဒါ့အပြင် သူတို့အမွေရလိုက်တာဟာ မိဘရဲ့ များပြားလှတဲ့ ဓနဥစ္စာတင် မကပါဘူး။ မိဘရဲ့ရုပ်ရည်လည်း ပါပါတယ်။

၁။ ဂျနီဖာလိုပက်စ်နဲ့ အမ်မီ

play

 

ဂျနီဖာလိုပက်စ်ရဲ့သမီး အမ်မီဟာ ဂျေလိုရဲ့ကိုယ်ပွားလေးပါပဲ။

အသက် ၄၇ နှစ်အရွယ် ဂျေလိုဟာ သောကြာနေ့ညတိုင်း လက်စ်ဗီးဂက်စ်စင်မြင်ပေါ်မှာ ဖျော်ဖြေတဲ့အခါ သူမရဲ့အမြွှာ သားနဲ့သမီးကို အမြဲတမ်း ရှေ့ဆုံးတန်းမှာ မြင်တွေ့ရပါတယ်။

၂။ ဂွင်းနက်ပက်ထရိုနဲ့ သမီး အဲပဲလ်

play

 

ဒီနှစ်အစောပိုင်းမှာ ဂွင်းနက်ပက်ထရိုက သမီးဖြစ်သူနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို တင်ခဲ့ချိန်မှာ ရုပ်တူလွန်းတာကြောင့် ပရိသတ်တွေ တအံ့တသြဖြစ်ခဲ့ရပါတယ်။

၃။ ဂျေဇီးနဲ့ ဘလူးအိုင်ဗီ

play

 

ဘီယွန်းဆေးနဲ့ ဂျေဇီးတို့ရဲ့သမီးလေး ဘလူးအိုင်ဗီဟာလည်း အဖေတူသမီးလေး ဖြစ်နေတာကို တွေ့ရပါတယ်။

၎။ စင်ဒီခရောဖို့ဒ်နဲ့ ကီရာဂါဘာ

play

 

အသက် ၁၅ နှစ်သာရှိသေးတဲ့ ကီရာဟာ အသက် ၅၀ အရွယ် မိခင်နဲ့ တထေရာတည်း တူတာကြောင့် စင်ဒီခရော့ဖို့ဒ်အငယ်စားလေးလို့ အားလုံးအသိအမှတ်ပြုခံထားရသူပါ။

၅။ မက်ဒေါနားနဲ့ လော့ဒီ

play

 

မက်ဒေါနားရဲ့ သူမရဲ့ အကြီးဆုံးသမီးလေး Lourdes Ciccone ဟာလည်း အမေတူသမီးဖြစ်တယ်ဆိုတာ ငြင်းမရပါဘူး။ လော့ဒီရဲ့ အမေတူ အဖေကွဲ မောင် ရော့ကိုရစ်ချီကတော့ မိခင်နဲ့ လုံးဝမတူတာကို တွေ့ရပါတယ်။

၆။ ကေတီဟုမ်းနဲ့ ဆူရီခရုစ်

play

 

ဆူရီရဲ့မိဘနှစ်ပါးလုံးက ချောမောတာကြောင့် ဖခင် တွမ်ခရုစ်နဲ့ပဲတူတူ၊ မိခင် ကေတီဟုမ်းစ်နဲ့ပဲတူတူ ချောမှာပါပဲ။ ဒါပေမဲ့ သူမဟာ ဖခင်နဲ့မတူဘဲ အမေတူသမီးလေး ဖြစ်ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ