International Celebrity: ဘရတ်ပစ်နဲ့ ဂျိုလီကြား ခလောက်ဆန်ခဲ့တဲ့ စုန်းမတွေလို့ စွပ်စွဲခံနေရသူနှစ်ဦး

အမင်ကာဟဲလစ်နဲ့ ကလိုဝီဒဲလ်တန်တို့နှစ်ဦးဟာ ဂျိုလီကို သွေးထိုးသူများလို့ ဆိုပါတယ်။

play

 

အသက် ၄၈ နှစ်အရွယ် အာမင်ကာဟဲလစ်နဲ့ အသက် ၃၇ နှစ်အရွယ် ကလိုဝီဒဲလ်တန်တို့ဟာ အန်ဂျလီနာဂျိုလီရဲ့ ပုဂ္ဂိုလ်ရေး အကြံပေးတွေအဖြစ်ပြုလုပ်ခဲ့ကြပြီး ဘရတ်ပစ်နဲ့ ဂျိုလီရဲ့အိမ်ထောင်ရေးကို ဝင်ရောက်စွက်ဖက်ခဲ့ကြတယ်လို့ အတွင်းလူများက ဖွင့်ဟလာခဲ့ပါတယ်။

play

 

"သူတို့သုံးယောက်က တကြိတ်တည်း တဉာဏ်တည်းတွေလေ။ ဆုံးရှုံးရသူကတော့ ဘရတ်ပစ်ဖြစ်သွားတယ်" လို့ သူတို့စုံတွဲရဲ့ ဝန်ထမ်းတစ်ဦးက ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ထိုနှစ်ယောက်ဟာ ဂျိုလီနဲ့ အရမ်းရင်းနှီးလာပြီး သူတို့ရဲ့အိမ်ထောင်ရေးမှာ ဝင်ပါခဲ့တဲ့အတွက် ဘရတ်ပစ်ဟာ အရမ်းကို စိတ်ဆိုးခဲ့ကြောင်း သူတို့စုံတွဲရဲ့မိတ်ဆွေတွေက ပထမဆုံးအကြိမ် ဖွင့်ဟခဲ့ပါတယ်။

play

 

"ပထမတော့ သူတို့ရှိနေတာကို ဘရတ်က သဘောကျတယ်။ ဒါပေမဲ့ မနှစ်ကစပြီးတော့ သူတို့ကို ပိုပိုပြီး စိတ်အနှောင့်အယှက်ဖြစ်လာတယ်။ သူတို့က အခန်းထဲကနေ ဘယ်တော့မှ မထွက်ဘူးလေ" လို့ မိတ်ဆွေတစ်ဦးက ပြောပြခဲ့ပါတယ်။

"သူက အခန်းထဲဝင်ပြီး အန်ဂျလီနာနဲ့ စကားပြောချင်တိုင်း သူတို့နှစ်ယောက်က နောက်မှာ အမြဲရှိနေတယ်။ သူတို့နှစ်ယောက်က အန်ဂျလီနာကို အကြံပေးချိန်ကစလို့ ပြောင်းလဲမှုတွေကို သူမြင်လာတယ်" လို့ ထိုသူက ပြောပြပါတယ်။

play

 

"သူတို့အမြဲအကြံပေးတာက 'နင် ငါတို့ကို အချိန်ပိုပေးပြီး ဘရတ်နဲ့ တစ်ခါတလေ ဝေးဝေးနေသင့်တယ်' ဆိုတာပဲ" လို့ အခြားဝန်ထမ်းတစ်ဦးကလည်း ပြောပြခဲ့ပါတယ်။

"အစပိုင်းမှာတော့ သူတို့တွေ အန်ဂျီ့ဆီကို ရောက်လာတာ နိုင်ငံရေးနဲ့ ပရဟိတလုပ်ငန်းတွေကိစ္စ အကြံပေးဖို့ပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဘဝတစ်ခုလုံး ဝင်စွက်ဖက်လာတယ်" လို့ နောက်ထပ်ဝန်ထမ်းတစ်ဦးကလည်း ဆိုပါတယ်။

Source & Photos : the Sun

ဘရတ်ပစ်နဲ့ ဂျိုလီကွဲတဲ့အပေါ် ဘယ်လိုမြင်လဲ။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ