International Celebrity: ရုပ်ချင်းအရမ်းတူတဲ့ ဖိလစ်ပိုင်သူလေးကို အသိအမှတ်ပြုတဲ့ ကလိုဝီမိုရက်စ်

သူမရဲ့အသိအမှတ်ပြုတုံ့ပြန်မှုကြောင့် ဖိလစ်ပိုင်သူလေးမှာ ဝမ်းသာမဆုံးဖြစ်နေပါတယ်။

play

 

Edcell Ched လို့အမည်ရတဲ့ မိန်းကလေးဟာ ဖိလစ်ပိုင်မှာရှိတဲ့ ဘာဂါနဲ့ ကြက်ကြော်ဆိုင်မှာ အလုပ်လုပ်နေသူပါ။

သူမဟာ သူမနဲ့တူတဲ့ ဟောလိဝုဒ်မင်းသမီး ကလိုဝီမိုရက်စ်ကိုလည်း သဘောကျသူဖြစ်ပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ သူမဓာတ်ပုံတွေနဲ့အတူ ကလိုဝီမိုရက်စ်ရဲ့ ဓာတ်ပုံတွေလည်း ပြည့်နှက်နေပါတယ်။

play

 

အခုတော့ ဖိလစ်ပိုင်တက္ကသိုလ်ကျောင်းသူ ဂျက်စီကားလ်ကြောင့် Edcell Ched ဟာ သူမနဲ့အတော်တူတယ်ဆိုတာ ကလိုဝီဂရေ့စ်မိုရက်စ်ကိုယ်တိုင် သိရှိသွားခဲ့ရပါပြီ။

ဂျက်စီဟာ ဘာဂါဝယ်ယူစဉ်မှာ သူမကို ဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းမလေးက ကမ္ဘာကျော် ဟောလိဝုဒ်မင်းသမီးဖြစ်နေတဲ့အတွက် သူမမျက်လုံးတွေကိုတောင် မယုံနိုင်ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ဒီမိန်းကလေးဟာ ကလိုဝီမိုရက်စ်နဲ့ ရုပ်ချင်းအတော်ဆင်နေတာဆိုတာကို သူမသဘောပေါက်သွားခဲ့ပါတယ်။

play

 

ဂျက်စီဟာ Edcel Ched ရဲ့ဓာတ်ပုံကို ရိုက်ပြီး ဖေ့စ်ဘွတ်ပေါ် တင်လိုက်ချိန်မှာ အဲဒီသတင်းဟာ ပျံ့နှံ့သွားခဲ့ပြီး တွစ်တာပေါ် တင်လိုက်ချိန်မှာတော့ ကလိုဝီမိုရက်စ်ပါ သူမအကြောင်းကို သိရှိသွားခဲ့ပါတယ်။

play

 

 

Edcell Ched ဆိုတဲ့မိန်းကလေးဟာ ဖိလစ်ပိုင်ရှိ  City of Malabon University က ကျောင်းသူတစ်ဦးဖြစ်ပြီး Jollibee ဆိုတဲ့ fast food စားသောက်ဆိုင်က ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။

ကလိုဝီဂရေ့စ်မိုရက်စ်ဟာ Edcell Ched ဓာတ်ပုံတွေကို ပြန်လည်ဝေမျှခဲ့ပြီး "တို့နှစ်ယောက်က အတော်တူတာပဲ" လို့ မှတ်ချက်ပေးခဲ့ပါတယ်။

 

သူမသဘောကျတဲ့ ဟောလိဝုဒ်မင်းသမီးရဲ့အသိအမှတ်ပြုတုံ့ပြန်မှုကြောင့် ဖိလစ်ပိုင်သူလေးမှာ ဝမ်းသာမဆုံးဖြစ်နေပြီး အဲဒီအကြောင်းနဲ့ ဆက်စပ်တဲ့သတင်းတိုင်းကို ဖေ့စ်ဘွတ်ကနေ အကြိမ်ကြိမ် မျှဝေနေတာကိုလည်း တွေ့ရပါတယ်။

 

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ