International Celebrity: ခရစ္စမတ်သစ်ပင်ပုံ တင်မိလို့ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့ ဇေးမောလစ်ခ်ရဲ့ညီမ

ဇေးရဲ့ညီမလေးက အသက် ၁၄ နှစ်သာ ရှိပါသေးတယ်။

play

 

One Direction အဆိုတော်ဟောင်း Zayn Malik ရဲ့ညီမဟာ အင်စတာဂရမ်မှာ ခရစ္စမတ်သစ်ပင်ပုံ တင်လိုက်တဲ့အတွက် ယင်းလုပ်ရပ်ကို ကန့်ကွက်သူများက သူမကို ခြိမ်းခြောက်လာကြပါတယ်။

play

 

အသက် ၁၄ နှစ်အရွယ် မိန်းကလေးဟာ အသက်အန္တရာယ်အထိ အခြိမ်းခြောက်ခံနေရပြီး ဘာသာနှစ်မျိုးကိုးကွယ်တဲ့ သူတို့မိသားစု ဒဏ်ခံရတော့မယ်လို့ လူတွေကလည်း သတိပေးနေကြပါတယ်။

ဇေးမောလစ်ခ်ရဲ့ဖခင်က အစ္စလမ်ဘာသာဝင်ဖြစ်ပြီး သူ့ရဲ့မိခင် ထရီရှာက မိရိုးဖလာ ခရစ္စယာန်ဘာသာဝင် ဖြစ်ပါတယ်။ အဲဒါကြောာင့် ဇေးရဲ့ဖခင်က Eid လို့ မွတ်စလင်ဘာသာရေးပွဲတော်ရော ခရစ္စမတ်ကိုပါ အိမ်မှာ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

 

အသက် ၁၄ နှစ်အရွယ် ဇေးရဲ့ညီမဟာ အဆိုးမြင်မှတ်ချက်တွေကို သူမရဲ့အင်စတာဂရမ်ကနေ ဖျက်ထားခဲ့ပြီး ယင်းပုံဟာ like ပေါင်း ၁၂,၉၀၀ ရရှိခဲ့ပါတယ်။

"ထရီရှာဟာ ခရစ္စယာန်တစ်ယောက်အဖြစ် ကြီးပြင်းလာတာဖြစ်လို့ ခရစ္စမတ်က သူ့အတွက် အရေးကြီးပါတယ်။ ဆာဖာရာကို အခုလို မုန်းတီးတာ စိတ်ပျက်ဖို့ကောင်းတယ်" လို့ သူတို့ရဲ့မိတ်ဆွေတစ်ဦးက ဆိုခဲ့ပါတယ်။

play

 

အခုလို မိသားစုပြဿနာရှိနေတဲ့အပြင် တေလာဆွစ်နဲ့အတူ သီချင်းသစ်ထုတ်ထားတဲ့ ဇေးဟာ မိခင်ဆုံးရှုံးလိုက်ရတဲ့ သူငယ်ချင်း လူဝီတွမ်လင်ဆန်ကို အားပေးဖို့တော့ မမေ့လျော့ခဲ့ပါဘူး။

ဇေးဟာ X Factor Final ပွဲမှာ တက်ရောက်သီဆိုခဲ့တဲ့ လူဝီကို တခြား One Direction အဖွဲ့ဝင်တွေလို ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားမပေးနိုင်ခဲ့ပေမဲ့လည်း တွစ်တာကနေ အားပေးစကားပြောခဲ့ပါတယ်။

"လူဝီတွမ်လင်ဆန်..ငါ မင်းကိုချစ်တယ်..နင့်မိသားစုကို ငါအမြဲ ဆုတောင်းမေတ္တာပို့သပါတယ်..မင်းရဲ့ကြံ့ခိုင်မှုအတွက် ငါဂုဏ်ယူတယ်..မင်းအမေလည်း ဂုဏ်ယူနေမှာပါ" လို့ ဇေးက ရေးသားခဲ့တာ ဖြစ်ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ