International Celebrity: ယာဉ်မောင်းလိုင်စင်ရတဲ့ နှစ်လအတွင်း ၄ ကြိမ် ဒဏ်ရိုက်ခံရတဲ့ ဘရွတ်ကလင်းဘက်ခမ်း

သူရဲ့ကားမှန်ပေါ်မှာ ဒဏ်ငွေဖြတ်ပိုင်းကို မြင်ချိန်မှာ စိတ်ညစ်သွားတာကို တွေ့ရပါတယ်။

play

 

ဗစ်တိုးရီးယားနဲ့ ဒေးဗစ်ဘက်ခမ်းကတော့ သူတို့ရဲ့အကြီးဆုံးသားရဲ့ ဖြစ်ရပ်အတွက် သဘောကျမှာ မဟုတ်ပါဘူး။

အသက် ၁၇ နှစ်အရွယ် ဘရွတ်ကလင်းဘက်ခမ်းဟာ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဒဏ်ငွေဖြတ်ပိုင်းတစ်ခုကို သူ့ရဲ့ကားဘောနပ်ပေါ်မှာ တွေ့လိုက်ရတဲ့အတွက် ရှက်သွားခဲ့ပါတယ်။

လန်ဒန်မြောက်ပိုင်းမှာ သူငယ်ချင်းတွေနဲ့အတူ လျှောက်လည်နေတဲ့ ဓာတ်ပုံဆရာလေးရဲ့ တစ်နေ့တာဟာ ယင်းဖြစ်ရပ်ကြောင့် စိတ်မကြည်လင်စရာ ဖြစ်သွားခဲ့ပါတယ်။

play

 

ယာဉ်မောင်းလိုင်စင်ရတာ ၂ လတောင် မပြည့်သေးတဲ့ ဘရွတ်ကလင်းအတွက် ဒီဒဏ်ငွေဖြတ်ပိုင်းနဲ့ဆိုရင် စုစုပေါင်း  ၄ ကြိမ် ရှိပါပြီ။

ဘရွတ်ကလင်းက ပါကင်မရပ်ရဆိုတဲ့နေရာနားမှာ ကားကို ထားခဲ့တဲ့အတွက် ဒဏ်ရိုက်ခံရတာ ဖြစ်ပါတယ်။

play

 

အောက်တိုဘာလအတွင်းမှာ ပထမဆုံး ဒဏ်ငွေဖြတ်ပိုင်းရခဲ့ပြီး နိုဝင်ဘာလမှာ နှစ်ကြိမ်ရခဲ့ကာ အခု  နောက်ထပ်ဖြတ်ပိုင်းတစ်ခုကို ကောက်ယူလိုက်ရချိန်မှာတော့ သူ့ရဲ့မျက်နှာဟာ ရဲနေပါတယ်။

ဘရွတ်ကလင်းဟာ ဇူလိုင်လကမှ ယာဉ်မောင်းလိုင်စင်စာမေးပွဲကို အောင်မြင်ထားတာဖြစ်ပြီး အချိန်တိုအတွင်းမှာ ဘရွတ်ကလင်းအနေနဲ့ ဒီလောက်များများ ဒဏ်ရိုက်ခံရတာကို ဗစ်တိုးရီးယားနဲ့ ဒေးဗစ်ကတော့ ကျေနပ်မယ် မထင်ပါဘူး။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ