International Celebrity: ဆက်စီပြက္ခဒိန်ရိုက်ကူးနေတဲ့ ဗီဒီယိုကို မျှဝေလိုက်တဲ့ ခိုင်လီဂျန်နာ

ဗီဒီယိုဖိုင်က တိုပေမဲ့ သူမရဲ့အလှတွေကိုတော့ မြင်သာပါတယ်။

play

 

ခိုင်လီဂျန်နာဟာ သူမရဲ့ ၂၀၁၇ ပြက္ခဒိန်ရိုက်ကူးနေတဲ့ ဗီဒီယိုကို ထပ်မံဝေမျှလိုက်တာ ဖြစ်ပါတယ်။

ခိုင်လီဂျန်နာရဲ့ ၂၀၁၇ ပြက္ခဒိန်ဟာ ဘီကီနီဝတ်ကာ မြွေတစ်ကောင်ပတ်ပြီး လဲလျောင်းနေတဲ့ ဓာတ်ပုံတစ်ပုံနဲ့တင် ပရိသတ်ကို အတော်လေး ဆွဲဆောင်နိုင်ခဲ့ပြီးပါပြီ။

play

 

ဒါပေမဲ့ အသက် ၁၈ နှစ်အရွယ် Reality TV စတား ခိုင်လီဟာ အဲဒီလောက်နဲ့တင် မကျေနပ်နိုင်သေးဘဲ ပြက္ခဒိန်ရိုက်ကူးစဉ်က ပုံရိပ်အချို့ကို ရုပ်ငြိမ်နဲ့မဟုတ်ဘဲ ရုပ်ရှင်နဲ့ ပြသလိုက်တာပါ။

play

 

၂၈ စက္ကန့်စာ  ဗီဒီယိုအတိုလေးကိုသာ မျှဝေထားပြီး ဗီဒီယိုအရှည်ကိုတော့ Kylie ရဲ့ App မှာ ကြည့်နိုင်တယ်လို့ ဆိုပါတယ်။

play

 

ဆယ်ကျော်သက်အရွယ်သာ ရှိသေးပေမဲ့ ကိုယ်လုံးကိုယ်ပေါက် ဖွံ့ထွားလှတဲ့ ခိုင်လီဟာ သူမရဲ့ကိုယ်လုံးအလှကို ပြသနိုင်တဲ့ ဝတ်စုံအမျိုးမျိုးဝတ်လို့ ဓာတ်ပုံတွေ ရိုက်ကူးဖို့ ပြင်ဆင်နေပုံနဲ့ ရိုက်ကူးနေပုံတွေကို ယင်းဗီဒီယိုဖိုင်အတိုလေးမှာ မြင်တွေ့နိုင်ပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ