International Celebrity: ရက်ပါကာညေးဝက်စ်နဲ့ ဒေါ်နယ်ထရန့် တွေ့ဆုံ

ကာညေးက အပေါင်းအသင်း အနည်းငယ်နဲ့အတူ ထရန့်တာဝါကို ရောက်ရှိလာခဲ့ပြီး ဇနီးဖြစ်သူ ကင်မ်ကာဒါရှီယန်ကတော့ သူနဲ့အတူ မပါလာခဲ့ပါဘူး။

play


ရက်ပါကာညေးဝက်စ်နဲ့ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်တို့ နယူးယော့ခ်မြို့ရှိ ထရန့်တာဝါ ဧည့်ခန်းမှာ တွေ့ဆုံခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့ဟာ မိတ်ဆွေတွေဖြစ်ကြကြောင်းနဲ့ ကာညေးဟာ သဘောကောင်းသူတစ်ယောက်လို့ ထရန့်က ပြောပါတယ်။

ကာညေးဝက်စ်နဲ့ ဒေါ်နယ်ထရန့် တွေ့ဆုံမှု


ကာညေးက သတင်းထောက်တွေရဲ့ မေးမြန်မှုတွေကို မဖြေကြားဘဲ လောလောဆယ် ဓာတ်ပုံရိုက်ချင်ကြောင်း ပြောခဲ့ပါတယ်။ ကာညေးနဲ့ထရန့်တို့ဟာ ထရန့်တာဝါမှာ သတင်းထောက်များနဲ့ တွေ့ဆုံစဉ် အတူတကွ ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ ကာညေးက အပေါင်းအသင်း အနည်းငယ်နဲ့အတူ ထရန့်တာဝါကို ရောက်ရှိလာခဲ့ပြီး ဇနီးဖြစ်သူ ကင်မ်ကာဒါရှီယန်ကတော့ သူနဲ့အတူ မပါလာခဲ့ပါဘူး။

play


ကာညေးဟာ ကျန်းမာရေးကြောင့် ပြီးခဲ့တဲ့လအတွင်း ဆေးရုံတက်ခဲ့ရပြီးနောက် အမေရိကန်တစ်ဝန်း သီဆိုဖျော်ဖြေရေး အစီအစဉ်တွေကို ဖျက်သိမ်းခဲ့ပါတယ်။ ၎င်းဟာ နိုဝင်ဘာလအတွင်းက ကယ်လီဖိုးနီးယားပြည်နယ် စန်ဂျို့စ်မှာ ပြုလုပ်ခဲ့တဲ့ ဂီတဖျော်ဖြေပွဲအတွင်း ထရန့်ကို ထောက်ခံကြောင်း ကြေညာခဲ့ရာ အမေရိကန်မီဒီယာများကြား သတင်းကြီးခဲ့ပါသေးတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ