International Celebrity: သားဖြစ်သူ ခရုဇ်ရဲ့ ပရဟိတဆောင်ရွက်မှုအတွက် ဘက်ခမ်း ဂုဏ်ယူကျေနပ်နေ

အသက် ၁၁ နှစ်အရွယ်မှာ အခြားသူတွေကို ကူညီဖို့အတွက် သားဖြစ်သူရဲ့ သိတတ်မှုအပေါ် အံ့သြဂုဏ်ယူမိကြောင်း ဘက်ခမ်းက ပြောပါတယ်။

play

 
အင်္ဂလန်ဘောလုံးစတား ဒေးဗစ်ဘက်ခမ်းက အသက် ၁၁ နှစ်အရွယ် အငယ်ဆုံးသားဖြစ်သူ ခရုဇ်ဘက်ခမ်းရဲ့ ပရဟိတဆောင်ရွက်မှုအတွက် ဂုဏ်ယူကျေနပ်နေပါတယ်။ ခရုဇ်က ခရစ္စမတ်အမှတ်တရ ပထမဆုံး တစ်ကိုယ်တော် တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ခဲ့ပြီး အကူအညီပေးရေး ရန်ပုံငွေရှာဖွေပေးခဲ့တာ ဖြစ်ပါတယ်။

ရေဒီယိုအစီအစဉ်မှာ သီချင်းဆိုပြတဲ့ ခရုဇ်ဘက်ခမ်း


ခရုဇ်ရဲ့ တေးသီချင်းဗီဒီယိုကို 'If Everyday Was Christmas' လို့ အမည်ပေးထားပါတယ်။ ခရုဇ်က မိခင်ဖြစ်သူ ဖက်ရှင်ဒီဇိုင်နာနဲ့ Spice Girl အဆိုတော်ဟောင်း ဗစ်တိုးရီးယားရဲ့ ခြေရာကိုနင်းနိုင်သူလို့ ဆိုရမှာပါ။ ခရုဇ်ရဲ့ တေးသီချင်းဗီဒီယိုမှ ရရှိလာမယ့် ငွေကြေးကို ဗြိတိန်ကလေးများရန်ပုံငွေအဖွဲ့ Make Some Noise သို့ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

play

 
အသက် ၁၁ နှစ်အရွယ်မှာ အခြားသူတွေကို ကူညီဖို့အတွက် သားဖြစ်သူရဲ့ သိတတ်မှုအပေါ် အံ့သြဂုဏ်ယူမိကြောင်း ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့အစည်း (UNICEF) တည်ထောင်မှု နှစ် ၇၀ ပြည့် အခမ်းအနားမှာ ဘက်ခမ်းက ပြောပါတယ်။ ဘက်ခမ်းဟာ UNICEF သံတမန်အဖြစ် ဆောင်ရွက်နေသူလည်းဖြစ်ပြီး ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပပြုလုပ်တဲ့ နှစ် ၇၀ ပြည့် အခမ်းအနားကို မင်းသားကြီးဂျက်ကီချန်း၊ မင်းသားအော်လန်ဒိုဘလွန်းမ်နဲ့ မင်းသမီး ပရီယန်ကာချော်ပရာတို့နဲ့အတူ တက်ရောက်ခဲ့ပါတယ်။


ခရုဇ်ရဲ့မိခင် ဗစ်တိုးရီးယား ဘက်ခမ်းကလည်း သားဖြစ်သူ တေးသီချင်းဗီဒီယိုအတွက် ရိုက်ကူးနေတဲ့ ဓာတ်ပုံတစ်ပုံကို သူမရဲ့အင်စတာဂရမ်မှာ လွှင့်တင်ခဲ့ပါသေးတယ်။
Source & Photo: Reuters, The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ