International Celebrity: သမီးနှစ်ယောက်ကို ပွဲထုတ်လိုက်တဲ့ ရိုင်ယန်ရေးနိုး

သမီးလေးတွေက ချစ်စရာလေးတွေပါ။

play

 

ဟောလိဝုဒ်ရဲ့ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ ရိုင်ယန်ရေးနိုးစ်နဲ့ ဘလိတ်ခ်လိုက်ဗလေတို့ရဲ့ သမီးလေးတွေဟာ မိဘနှစ်ပါးထက်တောင် အားလုံးရဲ့စိတ်ဝင်စားမှုကို ရခဲ့ပါတယ်။

play

 

ဒီဇင်ဘာလ ၁၅ ရက်မှာ ကျင်းပတဲ့ Hollywood Walk of Fame ပွဲမှာ ကြယ်တစ်ပွင့် ချီးမြှင့်ခံရတဲ့ ရိုင်ယန်ရေးနိုးစ်ဟာ ဇနီးသည်နဲ့အတူ ၂ နှစ်အရွယ် သမီးလေး ဂျိမ်းစ်နဲ့ ၂ လအရွယ် သမီးလေးတို့ကို ကိုယ်စီချီလို့ ကော်ဇောနီပေါ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

play

 

သမီးအကြီးလေးက မိုက်ခရိုဖုန်းကိုင်ထားပြီး အငယ်လေးကို ရိုင်ယန်က ပွေ့ဖက်နမ်းရှုံ့နေကာ ဘလိတ်လိုက်ဗလီက ဘေးကနေ ဒူးထောက်ပြုံးကြည့်နေတဲ့ ချစ်စဖွယ် မိသားစုပုံလေးကိုတောင် သူတို့က မျှဝေခဲ့ပါသေးတယ်။

Deadpool မင်းသား ရိုင်ယန်ရေးနိုးစ်ဟာ အသက် ၂၉ နှစ်အရွယ် ဇနီးချောနဲ့ သူတို့ရဲ့မိသားစုဘဝကို အခုလို ထုတ်ဖော်ပြသခြင်းမရှိတဲ့အတွက် အခုလိုပွဲမျိုးမှာ ခေါ်လာတာဟာ ထူးဆန်းနေပါတယ်။

play

 

"ဟိုမှာထိုင်နေတဲ့ ကျွန်တော့်ရဲ့ဘဝဖြစ်တဲ့ ကျွန်တော့်ဇနီး ဘလိတ်ခ်ကို ကျေးဇူးတင်ချင်ပါတယ်။ မင်းက ငါ့ဘဝမှာ ဖြစ်ပျက်သမျှထဲမှာ အကောင်းဆုံးပါ။ မင်းက အရာအားလုံးကို ပိုကောင်းအောင် လုပ်ပေးတယ်။ ငါ့ဘဝမှာ အရာရာပိုကောင်းအောင် မင်းလုပ်ပေးတယ်။ ငါအမြဲမျှော်လင့်ခဲ့တဲ့ ချစ်စရာအကောင်းဆုံး ကလေးနှစ်ယောက်ကိုလည်း မင်းက ငါ့ကို ပေးခဲ့တယ်" လို့ စင်မြင့်ပေါ်ကနေ ရိုင်ယန်က တက်ရောက်လာတဲ့ပရိသတ်အားလုံးသိအောင် ပြောခဲ့ပါတယ်။

Source & Photos : Daily Mail

ရိုင်ယန်ရေးနိုးစ်နဲ့ ဘလိတ်ခ်လိုက်ဗလီကို ကြိုက်ပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ