International Celebrity: ကမ္ဘာ့အလှဆုံးအမျိုးသမီးအဖြစ် ရည်ညွှန်းခံရတဲ့ ကန်ဒဲလ်ဂျန်နာ

ဖက်ရှင်ဒီဇိုင်နာ Olivier Rousteing က ပြောခဲ့ပါတယ်။

play

 

ကန်ဒဲလ်ဂျန်နာဟာ ကမ္ဘာ့အလှဆုံးအမျိုးသမီးဖြစ်တယ်လို့ ဖက်ရှင်ဒီဇိုင်နာ Olivier Rousteing ကတော့ ယုံကြည်လက်ခံထားပါတယ်။

အသက် ၃၁ နှစ်အရွယ် ဖက်ရှင်ဒီဇိုင်နာ Olivier Rousteing ဟာ ကင်မ်ကာဒါရှီယန်နဲ့ ခိုင်လီဂျန်နာအပါအဝင် ကန်ဒဲလ်ဂျန်နာတို့ ညီအစ်မတစ်သိုက်အတွက် ဖက်ရှင်တွေကို ဖန်တီးပေးနေရသူလည်း ဖြစ်ပါတယ်။

play

 

10magazine.com ရဲ့ဗီဒီယိုတစ်ခုမှာ ကန်ဒဲလ်ကို အင်တာဗျူးရတဲ့ အိုလီဗီယာက "ကျွန်တော်က ကမ္ဘာ့အလှဆုံးအမျိုးသမီးတစ်ဦးနဲ့ အတူရှိနေပါတယ်" လို့ ကန်ဒဲလ်ကို ချီးကျူးပြောဆိုခဲ့တာပါ။

တန်ဖိုးကြီးအိတ်တွေကို ဖန်တီးတဲ့ Balmain ကုမ္ပဏီရဲ့ ဖန်တီးမှုဒါရိုက်တာလည်းဖြစ်တဲ့ အိုလီဗီယာဟာ ကန်ဒဲလ်ဂျန်နာကို မသိတဲ့သူဟာ တစ်ခုခုတော့ မှားနေလို့ပဲဖြစ်မယ်လို့ ဆိုခဲ့ပါတယ်။

play

 

"ခင်ဗျားတို့ သူ့နာမည်ကိုတောင် မသိဘူးဆိုရင်တော့ ခင်ဗျားတို့မှာ တစ်ခုခုမှားနေလို့ပဲလို့ ကျွန်တော်ထင်တယ်" လို့ သူက ဆက်ပြောခဲ့ပါတယ်။

Olivier Rousteing ဟာ အသက် ၂၅ နှစ်အရွယ်မှာ နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Christophe Decarnin ဆီကနေ Barlmain ရဲ့ အဓိကနေရာကို ရယူခဲ့တာ ဖြစ်ပါတယ်။

Source & Photos : Online

သင် ကန်ဒဲလ်ဂျန်နာကို သိပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ