play

 

ဒီဇင်ဘာလထဲမှာပဲ ရီးရဲလ်မက်ဒရစ် အသင်းကစားသမား ရော်နယ်ဒိုဟာ ပြင်သစ်မဂ္ဂဇင်းက ပေးအပ်တဲ့ ဘလွန်းဒီအော်ဆု(ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု) ကို ရရှိခဲ့ပြီးပြီဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီဆုကို လေးကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။

ဒီနှစ်မှာ မက်ဆီနဲ့ ဂရိဇ်မန်းတို့ကိုကျော်ဖြတ်ပြီး ရော်နယ်ဒိုက အကောင်းဆုံးကစားသမားဖြစ်ရတဲ့ အကြောင်းရင်း (၅) ချက်ရှိပါတယ်။

play

 

၁။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီအတွင်း စုစုပေါင်း ၅၁ ဂိုးအထိ သွင်းယူခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီအသင်းအတွက် ၅၁ ဂိုးသွင်းယူခဲ့တာပါ။

၂။ ရော်နယ်ဒိုက နောက်ထပ်ဂိုးသွင်းစံချိန်တစ်ခုလည်းတင်နိုင်ခဲ့ပါသေတးယ်။ ခြောက်နှစ်ဆက်တိုက် ဂိုး ၅၀ နဲ့အထက် သွင်းနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့တာပါ။

play

 

၃။ ၂၀၁၆ ခုနှစ်အတွင်းမှာ ပေါ်တူဂီအသင်းအတွက် ၁၃ ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် ယူရိုချန်ပီယံရှစ်မှာလည်း ချန်ပီယံဖြစ်အောင် အသင်းကို ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

၎။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ လာလီဂါအမှတ်ပေးဖလား မရခဲ့ပေမဲ့ ချန်ပီယံလိဂ်ဆုဖလားကိုတော့ ရယူနိုင်ခဲ့သူ

ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ် ဆုဖလား သုံးကြိမ်ရတဲ့ ကစားသမား ဖြစ်လာပြီး ရီးရဲလ်မက်ဒရစ်နဲ့ တစ်ကြိမ် မန်ယူက တစ်ကြိမ် ဖြစ်ပါတယ်။

play

 

၅။ နောက်ထပ်စံချိန်တစ်ခုကတော့ ပေါ်တူဂီအသင်းနဲ့အတူ ရော်နယ်ဒိုရဲ့ ယူရိုချန်ပီယံရှစ်ပြိုင်ပွဲ သွင်းဂိုးဟာ ၉ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ယူရိုချန်ပီယံရှစ် ပြိုင်ပွဲမှာ ၉ ဂိုးသွင်းပြီး ဂိုးသွင်းအများဆုံးဖြစ်ထားတဲ့ ပလာတီနီနဲ့ စံချိန်အတူတူ ဖြစ်သွားပါတယ်။

Source :

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video