မင်းသားဟယ်ရီနဲ့ သူ့ရဲ့ချစ်သူ အမေရိကန်မင်းသမီး မီဂန်မာကယ်တို့ကို အတူတွဲတွေ့ရတဲ့ ပထမဆုံးဓာတ်ပုံတွေ ဖြစ်ပါတယ်။ တွဲနေတာ လအနည်းငယ်ရှိပြီဖြစ်တဲ့ သူတို့စုံတွဲဟာ လန်ဒန်မြို့မှာ ဒိတ်လုပ်နေတာကို တွေ့ရှိရပါတယ်။

ဗြိတိန်မင်းသား ဟယ်ရီနဲ့ သူ့ချစ်သူဟာ Gielgud ပြဇာတ်ရုံမှာ The Curious Incident of the Dog in the Night-Time အတူသွားကြည့်ခဲ့တာ ဖြစ်ပါတယ်။

play

 

တော်ဝင်မင်းသားဟာ သူ့ချစ်သူကို လက်ဟန်ဟြေန်နဲ့ တက်တက်ကြွကြွ စကားတွေဖောင်ဖွဲ့လို့ ပြဇာတ်ရုံထဲက ထွက်လာကြပါတယ်။

အသက် ၃၅ နှစ်အရွယ် မီဂန်ဟာ သူမချစ်သူ ပြောသမျှကို ပြုံးပြီးနားထောင်ရင်း ခေါင်းတငြိမ့်ငြိမ့်နဲ့ လျှောက်လှမ်းလာနေတာကို မြင်တွေ့ရပါတယ်။

play

 

ကနေဒါမှာနေထိုင်တဲ့ မီဂန်နဲ့ ဗြိတိန်မင်းသားတို့ဟာ ခရစ္စမတ်မှာတော့ အတူရှိနိုင်ကြမှာ မဟုတ်ပါဘူး။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video