International Celebrity: ကောလာဟလတွေ ရှိနေပေမဲ့ လက်တွဲမဖြုတ်တဲ့ ကင်မ်နဲ့ ကာညေး

သူတို့နှစ်ယောက်ကွဲသွားပြီလို့ သတင်းတွေ ပြန့်နေတာပါ။

play

 

ကာညေးဝက်စ်နဲ့ ကင်မ်ကာဒါရှီယန်တို့ ဇနီးမောင်နှံဟာ ကိုယ်ရေးကိုယ်တာပြဿနာတွေ အသီးသီးရင်ဆိုင်နေရတဲ့အတွက် ကွဲကွာတော့မယ်လို့ သတင်းတွေ ထွက်နေခဲ့တာပါ။

ဒါပေမဲ့ သူတို့နှစ်ယောက်ကို ဒီဇင်ဘာလ ၁၄ ရက်နေ့ညက Bel-Air ရှိ သူတို့ရဲ့အိမ်ကြီးမှာ မြင်လိုက်ရပါတယ်။

play

 

"သူတို့နှစ်ယောက် တွေ့ဆုံခဲ့ရတဲ့ အခြေအနေတွေက များပါတယ်။ အားလုံးကို အတူရင်ဆိုင်ဖြေရှင်းနေကြတယ်" လို့ သတင်းပေးတစ်ဦးက ပြောပြခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ် ကင်မ်နဲ့ အသက် ၃၉ နှစ်အရွယ် ကာညေးတို့ဟာ အတူတကွရှိနေကာ စိတ်ဓာတ်ခိုင်မာစွာ ရှိနေကြတယ်လို့ နောက်တစ်ဦးကလည်း ပြောခဲ့ပါတယ်။

play

 

ကာညေးဟာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံပြီးတဲ့နောက် နယူးယော့ခ်ကနေ ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ကာညေးကို သံအမတ်ရာထူးတစ်ခုပေးဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့လည်း သတင်းကြားရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ