International Celebrity: မူကြိုမှာရည်းစားစာရခဲ့တဲ့ ဆောင်အီဂွတ်ရဲ့သားလေး

အဖေနဲ့တူလို့ စွံသလားပဲ။

play

 

မင်းသား ဆောင်အီဂွတ်လိုပဲ အမြွှာသားလေးသုံးယောက်လုံးက ချစ်ဖို့လည်းကောင်းပါတယ်။ ရုပ်သံအစီအစဉ်တွေမှာလည်း ပါဝင်ထားတဲ့ ကလေးတွေဆိုတော့ လူချစ်လူခင်လည်း များပါတယ်။ မန်ဆယ် ဆိုရင် ချစ်ဖို့ကောင်းလွန်းလို့ ကျောင်းမှာ ရည်းစားစာတောင် ပေးခံရတယ်လို့ ဆောင်အီဂွတ်က အင်စတာဂရမ်မှာ ရေးထားပါတယ်။

 

" အစ်ကို ဆောင်မန်ဆယ်.. အတူတူ ကစားရအောင်လေ။ ကျွန်မ အစ်ကိုကို့ကို သဘောကျတယ်" ဆိုတဲ့ စာလေးကိုကိုင်ရင်း ချစ်စဖွယ်ဟန်အမူအရာလုပ်နေတဲ့ မန်ဆယ်ရဲ့ပုံကို အီဂွတ်က အင်စတာဂရမ်မှာ တင်ထားတာပါ။ အမြွှာလေးသုံးယောက်က ခုဆို သူငယ်တန်း စတင်တက်ရောက်နေပါပြီ။

Source : Song Il Kook Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ