International Celebrity: ကောက်ကြောင်းလှတဲ့ ညီအစ်မသုံးဖော်ရဲ့ ဆက်စီပုံရိပ်

မျက်နှာမမြင်ရပေမဲ့ ပရိသတ်တွေကတော့ တန်းသိပါတယ်။

play

 

ကာဒါရှီယန်-ဂျန်နာ ညီအစ်မတွေ နာမည်ကျော်ကြားနေရခြင်းထဲမှာ ကောက်ကြောင်းလှတာကလည်း တစ်ခုအပါအဝင်ပါပဲ။ ခန္ဓာကိုယ်အချိုးအဆက် ပိုပြီးလှလာဖို့ရာလည်း အမြဲအပြတ် လေ့ကျင့်အားထုတ်နေကြသူတွေဖြစ်ပါတယ်။ သူတို့ထဲမှာမှ ကောက်ကြောင်းအလှဆုံး သုံးယောက်ကတော့ ဆက်စီပုံတစ်ပုံနဲ့ ပရိသတ်ကိုနှုတ်ဆက်ခဲ့ပါတယ်။

play

 

ကင်မ်ကာဒါရှီယန်ရဲ့ အင်စတာဂရမ်မှာတင်ခဲ့တဲ့ပုံတွေကတော့ အတွင်းခံသာ ဝတ်ဆင်ထားတဲ့  ညီအစ်မသုံးဦးရဲ့ ခန္ဓာကိုယ်ပုံတွေပဲ ဖြစ်ပါတယ်။ မျက်နှာတွေကို ဖော်ပြမထားပေမဲ့ ကင်မ်ရဲ့ အမာခံပရိသတ်တွေကတော့ ဒီပုံတွေဟာ ကင်မ်ကာဒါရှီယန်၊ ကလိုဝီကာဒါရှီယန်နဲ့ ခိုင်လီဂျန်နာတို့ဖြစ်ကြောင်း တပ်အပ်သိခဲ့ကြပါတယ်။ ကာညေးဝက်စ်ရဲ့ ဖက်ရှင်ကြော်ငြာအတွက် ရိုက်ကူးခဲ့တဲ့ပုံရိပ်တွေကို ကင်မ်က အင်စတာဂရမ်မှာ ပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ