International Celebrity: ကလေးတစ်ယောက်အမေဘဝမှာ ခန္ဓာကိုယ်အလှထိန်းသိမ်းရပုံကို ထုတ်ပြောတဲ့ ဂျွန်ဂျီဟွန်း

My Sassy Girl တုန်းကအတိုင်း နုပျိုနေတာကို မြင်ရမှာပါ။

play

 

လက်ရှိပြသနေတဲ့ The Legend of the Blue Sea ဇာတ်လမ်းရဲ့ အဓိကသရုပ်ဆောင် ဂျွန်ဂျီဟွန်းက သူမအနေနဲ့ ကလေးအမေဘဝ ရောက်တာတောင် ခန္ဓာကိုယ်လှပအောင် ဘယ်လိုတွေ ထိန်းသိမ်းနေရသလဲဆိုတာ ပြောပြခဲ့ပါတယ်။ ဂျီဟွန်းရဲ့ ခန္ဓာကိုယ်က လွန်ခဲ့တဲ့ဆယ်စုနှစ်ကအတိုင်း မပြောင်းမလဲလှပနေတာကြောင့်လည်း လူတွေက လျှို့ဝှက်ချက်ကို အလွန်အမင်းသိချင်နေခဲ့တာပါ။

play
၂၀၀၁ ခုနှစ်မှာ ပြသခဲ့တဲ့ My Sassy Girl

 

ခုလိုမျိုး ခန္ဓာကိုယ်ပုံစံမပျက်အောင် ထိန်းသိမ်းပုံကတော့ အစားအစာကို ချင့်ချိန်ပြီးစားသလို စားသမျှတိုင်းကိုလည်း သတိထားဂရုစိုက်တာပဲဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ ဒါတင်မက မနက်တိုင်းလည်း လေ့ကျင့်ခန်းလုပ်တယ်လို့ သူမနဲ့တွဲဖက်သရုပ်ဆောင်တဲ့ လီမင်ဟိုက ဖြည့်စွက်ပြောကြားသွားပါသေးတယ်။ ဂျွန်ဂျီဟွန်းဟာ ယခုနှစ်ထဲမှာပဲ ပထမဦးဆုံးရင်သွေးလေးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။

Source : Koreaboo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ