International Celebrity: ဟောင်ကောင်ပရိသတ်တွေဆီ အရောက်သွားနေတဲ့ ပတ်ဘိုဂမ်

ဘာသာစကားတွေ သင်ချင်ပါတယ်။ ပြီးတော့ ဟောလိဝုဒ်မှာလည်း သရုပ်ဆောင်ချင်တယ်...

play

 

တောင်ကိုရီးယားမင်းသားချော ပတ်ဘိုဂမ်ဟာ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေနဲ့ တွေ့ဆုံချင်တယ်လို့ ပြောဖူးတဲ့ စကားအတိုင်း ပရိသတ်တွေဆီ အရောက်သွားမယ့်ခရီးစဉ် စတင်လိုက်ပါပြီ။ လက်ရှိမှာတော့ ဟောင်ကောင်ကိုရောက်နေပါတယ်။

play

 

ဟောင်ကောင်ပရိသတ်တွေနဲ့ တွေ့ဆုံပွဲမလုပ်မီ သတင်းစာရှင်းလင်းပွဲမှာတော့ ပြည်ပရိုက်ကူးရေးတွေ လုပ်ချင်တဲ့အကြောင်း ထုတ်ပြောခဲ့ပါတယ်။ " ခုထိတော့ ပြည်ပမှာသရုပ်ဆောင်ဖို့ မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော် ဘာသာစကားတွေ သင်ချင်ပါတယ်။ ပြီးတော့ ဟောလိဝုဒ်မှာလည်း သရုပ်ဆောင်ချင်တယ်။ ဒီလိုဖြစ်ဖို့ဆိုရင် ကျွန်တော် ချွေးနဲ့သွေးနဲ့ မျက်ရည်နဲ့ရင်းပြီး အလုပ်ကြိုးစားရမှာဖြစ်ပါတယ်" လို့ ဘိုဂမ်က ပြောသွားပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ