International Celebrity: ၂၀၁၆ မှာ လမ်းခွဲခဲ့ကြတဲ့ ကမ္ဘာကျော်အနုပညာရှင်စုံတွဲများ (၁)

၂၀၁၆ ဟာ အကွဲအပြဲအများဆုံးနှစ်လို့တောင် ပြောလို့ရပါတယ်။

play

 

၂၀၁၅ ခုနှစ်မှာ ဆယ်လီတွေ အများအပြား ကွဲခဲ့တယ်လို့ ထင်ခဲ့ကြပေမဲ့ ၂၀၁၆ ခုနှစ်မှာတော့ ပိုလို့တောင် များပြားလာခဲ့ပါတယ်။ အဲဒါကြောင့် ကမ္ဘာကျော်တွေရဲ့ အကွဲအပြဲ ဇာတ်လမ်းတွေကို အပိုင်း (၃) ပိုင်းခွဲပြီး တင်ဆက်လိုက်ရပါတယ်။

၁။ ဘရတ်ပစ်နဲ့ အန်ဂျယ်လီနာဂျိုလီ

play

 

လူတိုင်းအားကျရတဲ့ နာမည်ကျော် ဟောလိဝုဒ်စုံတွဲဖြစ်တဲ့အတွက် သူတို့နှစ်ဦး လမ်းခွဲလိုက်ပြီဆိုတဲ့သတင်းဟာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ခဲ့ပါတယ်။ ဂျိုလီနဲ့ ဘရတ်ပစ်ဟာ ၁၁ နှစ်ကြာ အတူနေထိုင်ခဲ့ကြပြီး လက်ထပ်ပြီး ၂ နှစ်အကြာ စက်တင်ဘာလအတွင်းမှာ ဂျိုလီ့ဘက်ကနေ စတင်ပြီး ကွာရှင်းခွင့် တင်လာတာဖြစ်ပါတယ်။ မွေးစားထားတဲ့ ကလေးတွေ အပါအဝင် စုစုပေါင်း ကလေး ၆ ဦးရှိတဲ့ သူတို့နှစ်ဦးဟာ ကလေးတွေနဲ့ အတူနေထိုင်ခွင့်ရဖို့ တရားရင်ဆိုင်နေရတုန်းပါပဲ။

၂။ ဂျွန်နီဒပ်နဲ့ အမ်ဘာဟတ်

play

 

လက်ထပ်ပြီး ၁၅ လအကြာ မေလထဲမှာ လမ်းခွဲလိုက်ကြတဲ့ Pirates of the Caribbean မင်းသားနဲ့ ဟောလိဝုဒ်မင်းသမီး အမ်ဘာဟတ်တို့ရဲ့ ဇာတ်လမ်းဟာလည်း ပြဿနာတွေ တစ်လှေကြီးနဲ့ပါပဲ။ ဂျွန်နီဒပ်ဟာ အမ်ဘာဟတ်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်လို့လည်း စွပ်စွဲခံခဲ့ရပါတယ်။ အခုထိလည်း သူတို့နှစ်ဦးရဲ့အမှုက မပြတ်သေးဘဲ တရားရင်ဆိုင်နေရတုန်းပါပဲ။

၃။ မရိုင်ယာကာရီနဲ့ ဂျိမ်းစ်ပက်ကာ

play

 

မရိုင်ယာကာရီဟာ ဘီလျံနာ ပက်ကာရဲ့ လက်ထပ်ခွင့်ကို လက်ခံခဲ့ပြီးတဲ့နောက် တစ်နှစ်တောင် မကြာလိုက်ဘဲ ကွဲကွာကုန်ပါတယ်။

၎။ ဒရူးဘယ်ရီမိုးနဲ့ ဝီလ်ကိုပယ်လ်မန်း

play

 

လက်ထပ်ပြီး ၃ နှစ်အကြာ ဒီနှစ် နွေဦးကာလမှာ သူတို့ရဲ့အိမ်ထောင်ရေးကို အဆုံးသတ်ခဲ့ကြတာပါ။

၅။ ဂျနီဖာလိုပက်စ်နဲ့ ကက်စပါစမတ်

play

 

ဂျနီဖာလိုပက်စ်ဟာ သူမရဲ့နောက်ခံအကသမားဟောင်း ကက်စပါစမတ်နဲ့ တွဲနေခဲ့တာ ၂၀၁၁ ခုနှစ်ကတည်းကပါ။ အဲဒီနောက် သြဂုတ်လကစပြီး ခဏခဏ ပြတ်လိုက် ပြန်ဆက်လိုက်ဖြစ်ရင်း အခုတော့ သူတို့တွေ တွဲသွားတွဲလာ မလုပ်တော့ပါဘူး။

၆။ မာ့ခ်အန်တိုနီနဲ့ ရှန်နွန်ဒီလိုင်မာ

play

 

အန်တိုနီဟာ ဇနီးဟောင်း ဂျနီဖာလိုပက်စ်နဲ့ နိုဝင်ဘာလ ၁၈ ရက်မှာ ကျင်းပတဲ့ လက်တင်ဂရမ်မီဆုပေးပွဲမှာ အနမ်းချင်း ဖလှယ်ပြီးတဲ့နောက်တစ်နေ့မှာပဲ ဇနီးသည် ဒီလိုင်မာနဲ့ လမ်းခွဲလိုက်ပါတော့တယ်။

၂၀၁၆ မှာ ကွဲခဲ့ကြတဲ့ ကမ္ဘာကျော်အနုပညာရှင်စုံတွဲများ (၂) နဲ့ (၃) ကို ဆက်လက်ဖော်ပြပါမည်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ