International Celebrity: တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့ ခရစ္စတင်းစတီးဝပ်စ်

ဒဏ်ရာတွေကို ဖုံးကွယ်ထားခြင်းမရှိပါဘူး။

play

 

မျက်နှာနဲ့ ဒူးတွေမှာ အညိုအမည်းရာများစွာနဲ့ ခရစ္စတင်းစတီးဝပ်စ်ကို ဂျော်ဂျီယာပြည်နယ် ဆာဗာနာမြို့မှာ တွေ့လိုက်ရတာပါ။

အသက် ၂၆ နှစ်အရွယ် မင်းသမီးဟာ ဘောင်းဘီတိုလေးဝတ်လို့ သူမရဲ့ဒဏ်ရာတွေကို ဖော်ပြထားပြီး ဘေးမှာတော့ သူမရဲ့ ချစ်သူသစ်လို့ လူတွေပြောနေကြတဲ့ စူပါမော်ဒယ် စတယ်လာမက်စ်ဝဲလ်လည်း ပါလာပါတယ်။

play

 

Victoria's Secret မော်ဒယ် စတယ်လာကတော့ သူမရဲ့ နာမည်ကျော် ကိုယ်လုံးကို ဖော်ပြထားခြင်းမရှိဘဲ အနက်ရောင်းဂျင်းဘောင်းဘီနဲ့ လယ်လာဂျာကင်တို့ကို ဝတ်ဆင်ကာ ရှေ့ဆံပင်တွေကို ထိပ်မှာစုချည်ထားပါတယ်။

သူတို့နှစ်ဦးဟာ အခုနောက်ပိုင်း အတော်လေး တွဲနေကြပြီး စတယ်လာက VS မော်ဒယ်ရှိုးရှိတဲ့အတွက် ပါရီကို သွားခဲ့ပြီးတဲ့နောက် ခရစ္စတင်းနဲ့အတူရှိနေဖို့ ဂျော်ဂျီယာကို အမြန်ပြန်လာခဲ့ပါတယ်။

play

 

သူတို့နှစ်ယောက်ကို ဒီနှစ်အတွင်းမှာ Met Gala ပါတီမှာ ပထမဆုံး အတူတွဲတွေ့ရပြီး နောက်ပိုင်းမှာတော့ ပွဲတော်တော်များများကို အတူတွဲလို့ တက်ခဲ့ကြပါတယ်။

စတယ်လာမက်စ်ဝဲလ်ဟာ အရင်က မိုင်လီဆိုင်းရက်စ်နဲ့ ခဏတွဲခဲ့ဖူးပြီး ခရစ္စတင်းစတီးဝပ်စ်ကတော့ ကာရာဒယ်လဗင်းရဲ့ ရည်းစားဟောင်း စိန့်ဗင့်ဆန့်နဲ့တွဲခဲ့ဖူးပါတယ်။ ရောဘတ်ပက်တင်ဆန်နဲ့ တွဲခဲ့တာတော့ လူတိုင်းအသိမို့ ပြောဖို့တောင် လိုမယ် မထင်ပါဘူး။

Twilight မင်းသမီးဟာ သူမဟာ လိင်တူစိတ်ဝင်စားကြောင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့ပြီးတဲ့နောက် ပိုမိုပျော်ရွှင်ရပါတယ်လို့လည်း ဝန်ခံခဲ့ဖူးပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ