International Celebrity: ပါတီပွဲမှာ အကဲကြီးကဲနေတဲ့ ဘယ်လာဟက်ဒီး

, updated

Crop Top လေးဝတ်လို့ ကျော့ရှင်းလှပနေပါတယ်။

play

 

Victoria's Secret မော်ဒယ်သစ်လေး ဘယ်လာဟက်ဒီးဟာ နယူးယော့ခ်မှာ ပြုလုပ်တဲ့ PAPER မဂ္ဂဇင်းပါတီမှာ အနက်ရောင်ဝမ်းဆက်နဲ့ အရမ်းကို ကြည့်ကောင်းနေခဲ့ပါတယ်။

ပါတီပွဲအတွင်းအရောက်မှာ သူမဟာ ဧည့်သည်တွေနဲ့ ပွေ့ဖက်ကာ တရင်းတနှီးနောက်ပြောင်ခဲ့ပြီး ဆက်စီကျလှတဲ့အကတွေတောင် ကခဲ့ပါသေးတယ်။

play

 

သူမရဲ့ ချပ်ရပ်လှပတဲ့ ဝမ်းဗိုက်သားနဲ့ ကျော့ရှင်းလှတဲ့ ခန္ဓာကိုယ်ကြောင့် သူမဖြတ်သွားချိန်မှာ အားလုံးက ဝိုင်းကြည့်နေခဲ့ကြပါတယ်။

play

 

ဂျီဂျီဟက်ဒီးရဲ့ညီမငယ် ဘယ်လာဟာ ဆံပင်တွေကို ကျစ်ဆံမြီး နှစ်ဖက်ခွဲကျစ်လို့ ပခုံးနှစ်ဖက်မှာ ဖြန့်ချထားပြီး ရှင်းရှင်းလေးနဲ့ လှနေအောင် ပြင်ဆင်လာခဲ့တာပါ။

play

 

ဘယ်လာဟက်ဒီးနဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုခြင်းလို့ ယင်းပွဲကို အမည်ပေးထားတဲ့အတွက် သူမဟာ အားလုံးရဲ့အာရုံကို ဖမ်းစားထားဖို့လည်း လိုတယ်မဟုတ်လား။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ