International Celebrity: ၂၀၁၆ မှာ လမ်းခွဲခဲ့ကြတဲ့ ကမ္ဘာကျော်အနုပညာရှင်စုံတွဲများ (၂)

၂၀၁၆ ဟာ အကွဲအပြဲအများဆုံးနှစ်လို့တောင် ပြောလို့ရပါတယ်။

play

 

၂၀၁၆ မှာ ကွဲခဲ့ကြတဲ့ ကမ္ဘာကျော်အနုပညာရှင်စုံတွဲများ (၁) မှာ ဒီနှစ်ထဲ လမ်းခွဲခဲ့ကြတဲ့ စုံတွဲ ၆ တွဲအကြောင်းရေးသားဖော်ပြပြီးတဲ့နောက် အခု ကျန်ရှိနေတဲ့ အကွဲအပြဲတွေအကြောင်းကို ဆက်လက်ရေးသားဖော်ပြချင်ပါတယ်။

၁။ လေဒီဂါဂါနဲ့ တေလာကင်နီ

play

 

၂၀၁၅ ခုနှစ်မှာ လေဒီဂါဂါနဲ့ Chicago Fire မင်းသား တေလာကင်နီတို့ဟာ ၂၀၁၅ ခုနှစ်မှာ စေ့စပ်လိုက်ကြောင်း ကြေညာခဲ့ပြီး ၂၀၁၆ မှာတော့ ကွဲသွားကြပြီလို့ ကြေညာလိုက်ပါတယ်။

ဂါဂါနဲ့ ကင်နီတို့ဟာ ၂၀၁၁ မှာ စတွဲခဲ့တာဖြစ်ပြီး နှစ်ယောက်စလုံးဟာ အခင်အမင်မပျက်ရှိနေကြပါတယ်။ ဂါဂါကတော့ ဒါဟာ ယာယီကွဲကွာခြင်းသာဖြစ်နိုင်တယ်လို့ အဓိပ္ပာယ်ရတဲ့ စာကို အင်စတာဂရမ်မှာ တင်ခဲ့ပါသေးတယ်။

၂။ ဒမ်မီလိုဘာတိုနဲ့ ဝီမာဗဲဒါရာမာ

play

 

ကွဲကွာပြီးနောက် အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် ဆက်လက် တည်ရှိနေမယ်လို့ ကတိပြုခဲ့ကြတဲ့ နောက်ထပ်စုံတွဲတစ်တွဲ ဖြစ်ပါတယ်။ ၆ နှစ်တော်င တွဲခဲ့တဲ့ သူတို့နှစ်ယောက်ဟာ ဒီနှစ်နွေရာသီမှာ လမ်းခွဲကြောင်း ကြေညာခဲ့တာပါ။

၃။ ဒိုင်ရန်ခရူဂါနဲ့ ဂျိုရွှာဂျက်ဆန်

play

 

သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာလည်း ၁၀ နှစ်တောင် တည်ဆောက်ခဲ့ပြီးမှ ဇူလိုင်လမှာ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

၎။ တိုဘီမက်ဂွိုင်းယားနဲ့ ဂျနီဖာမေရာ

play

 

Spider-Man မင်းသား မက်ဂွိုင်းယားဟာ ရတနာဒီဇိုင်နာ မေရာနဲ့ ၂၀၀၇ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ အသက် ၁၀နှစ်အရွယ် သမီး ရူဘီနဲ့ အသက် ၇ နှစ်အရွယ် သား အိုတစ်တို့ နှစ်ဦးထွန်းကားခဲ့တဲ့ သူတို့ဇနီးမောင်နှံဟာ လက်ထပ်ပြီး ၉ နှစ်အကြာမှာ သူတို့တွေ ကွဲကွာသွားပြီလို့ ကြေညာခဲ့ပါတယ်။

ကွာရှင်းပြတ်ဆဲမှု မလုပ်ရသေးတဲ့ သူတို့နှစ်ဦးဟာ ကလေးတွေကို အတူတကွ ပြုစုပျိုးထောင်ကာ မိတ်ဆွေတွေအဖြစ် တစ်ဦးနဲ့တစ်ဦး တလေးတစားရှိနေမယ်လို့ ဆိုပါတယ်။

၅။ နီကိုးလတ်စ်ကေ့ဂ်ျနဲ့ အဲလစ်ကင်မ်

play

 

ကေ့ဂ်ျနဲ့ ကင်မ်ဟာ သူတို့ရဲ့ ၁၂ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်မတိုင်ခင် ၆ လအလို ဇန်နဝါရီလထဲမှာ လမ်းခွဲခဲ့ကြပါတယ်။ သူတို့နျစ်ယောက်မှာ ၁၁ နှစ်အရွယ် သားလေး ကယ်လ်အယ်လ်ရှိပါတယ်။ ဒါဟာ နီကိုးလတ်စ်အတွက် တတိယအိမ်ထောင်ဖြစ်ပြီး အရင်က မင်းသမီး ပက်ထရစ်ရှာအားကွတ်နဲ့ အဆိုတော် လီဆာမာရီပရက်စလေတို့နဲ့ လက်ထပ်ခဲ့ဖူးပါတယ်။

၂၀၁၆ မှာ လမ်းခွဲခဲ့ကြတဲ့ ကမ္ဘာကျော်အနုပညာရှင် စုံတွဲများ (၃) တွင် ကွဲကွာခဲ့ကြတဲ့ လူငယ်စုံတွဲများကို ဆက်လက်ဖော်ပြပေးပါမယ်။

၂၀၁၆ မှာ လမ်းခွဲခဲ့ကြတဲ့ ကမ္ဘာကျော်အနုပညာရှင်စုံတွဲများ (၁) ကို ဤနေရာတွင်နှိပ်၍ ဖတ်ရှုနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ