International Celebrity: အိမ်ထောင် ၉ ဆက်ကျခဲ့တဲ့ ဟောလိဝုဒ်မင်းသမီး အသက် ၉၉ နှစ်မှာ ကွယ်လွန်

Zsa Zsa Gabor ဟာ သူ့ခေတ်သူ့အခါတုန်းက နာမည်ကြီး မင်းသမီးတစ်လက်ပါ။

play

 

နာမည်ကျော် ဟမ်ဂေရီမင်းသမီးကြီး ဇက်ဆာဂက်ဘာ (Zsa Zsa Gabor) ဟာ အသက် ၁၀၀ ပြည့်ဖို့ နှစ်လအလိုမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ငါးနှစ်လုံးလုံး အသက်ဆက်ကိရိယာနဲ့ နေထိုင်ခဲ့ရပြီးတဲ့နောက် လော့ဆန်းဂျလိစ်၊ Bel Air ရှိ သူမရဲ့ခမ်းနားလှတဲ့ နေအိမ်ကြီးမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က ကွယ်လွန်သွားပြီဖြစ်ကြောင်း သူမရဲ့ ပြန်ကြားရေးအရာရှိက အတည်ပြုခဲ့ပါတယ်။

play

 

သူမရဲ့လက်ရှိခင်ပွန်း Frederic Prinz von Anhalt က အသက်ရှင်လျက် ကျန်ရှိခဲ့ပါတယ်။ သူမဟာ ဖရန်ဆက်စ်ကာဟယ်တန် ဆိုတဲ့ သမီးတစ်ဦးသာ ထွန်းကားခဲ့ပြီး ဖရန်ဆက်စ်ကာကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှာ ကွယ်လွန်သွားခဲ့တဲ့ ဒုတိယခင်ပွန်း ကွန်ရပ်ဒ်ဟယ်လ်တန်နဲ့ ရခဲ့တာ ဖြစ်ပါတယ်။

play

 

သူမဟာ Moulin Rouge၊ The Girl in the Kremlin နဲ့ Queen of Outer Space လို နာမည်ကျော် ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ ထိပ်တန်း ဟောလိဝုဒ်အနုပညာရှင်တစ်လက်ဖြစ်ပါတယ်။

၁၉၁၇ ခုနှစ်က ဘူးဒါးပက်စ်မှာ မွေးဖွားခဲ့တဲ့ သူမဟာ ဥရောပမှာ နာဇီဝါဒ ကြီးစိုးချိန်မှာ ဘဝသစ်စဖို့အတွက် အမေရိကကို မိသားစုနဲ့အတူ ထွက်ပြေးခဲ့ရပါတယ်။

play
ဂါဘာနဲ့ သူမကို ပြုစုနေတဲ့ ခင်ပွန်း

 

ဂါဘာဟာ အိမ်ထောင် ၉ ဆက်ရှိခဲ့ပြီး လက်ရှိခင်ပွန်းသည် Frederic Prinz von Anhalt က သူမနဲ့ ၁၉၈၆ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

အိမ်ထောင်ဆက်များလွန်းလို့ နာမည်းကြီးလှတဲ့ ဇက်ဆာဟာ ဟောလိဝုဒ်သမိုင်းမှာ မမေ့နိုင်စရာ စကားတချို့ကိုလည်း ပြောခဲ့သူပါ။

"ကျွန်မက အရမ်းတော်တဲ့ အိမ်တော်ထိန်းလေ။ ယောက်ျားတစ်ယောက်ကို ထားခဲ့တိုင်း သူ့အိမ်ကို ကျွန်မ ထိန်းသိမ်းထားလိုက်တယ်" လို့ သူမက ပြောခဲ့ဖူးပါတယ်။

Source & Photos : the Sun

ဟောလိဝုဒ်မင်းသမီးကြီး Zsa Zsa Gabor ကို သိပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ