International Celebrity: ၂၀၁၆ ခုနှစ် မယ်ကမ္ဘာသရဖူကို ပေါ်တိုရီကိုအလှမယ် ဆွတ်ခူး

ယမန်နှစ်တုန်းကတော့ မယ်ကမ္ဘာသရဖူကို စပိန်အလှမယ်က ရရှိခဲ့တာပါ။

play

 

မယ်ကမ္ဘာ (Miss World) ပြိုင်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ကမ္ဘာတစ်ဝန်းက အလှဆုံး ပျိုဖြူတွေသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရကြပါတယ်။ ၆၆ ကြိမ်မြောက် မယ်ကမ္ဘာဆုပေးပွဲကို ဒီဇင်ဘာ ၁၈ ရက် ညက အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်က MGM National Harbor မှာ ပြုလုပ်ခဲ့ပါတယ်။

play

 

ယခုနှစ် မယ်ကမ္ဘာပြိုင်ပွဲကို နိုင်ငံအသီးသီးမှ အလှမယ် ၁၁၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် မြတ်သီရိလွင် (Bella) ကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ မယ်ကမ္ဘာသရဖူကိုတော့ ပေါ်တိုရီကိုနိုင်ငံက အလှမယ် စတက်ဖနီ ဒယ်လ် ဗယ်လ်ီက ဆွတ်ခူးသွားပြီး 1st Runner-Up ကို ဒိုမီနစ်ကန်အလှမယ်၊ 2nd Runner-Up ကို အင်ဒိုနီးရှားအလှမယ်တို့က ရရှိသွားတယ်လို့ သိရပါတယ်။

Source : ABC

Photo : Miss World Facebook

play

လာမယ့်ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံက မယ်ကမ္ဘာဆုကိုရမယ်လို့ ထင်ပါသလား?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ