International Celebrity: ချစ်သူနဲ့ တိုးတိုးတိတ်တိတ်လက်ထပ်လိုက်တဲ့ မားဂေါ့ရော်ဘီ

စေ့စပ်တာတောင်မလုပ်ဘဲ လက်ထပ်ဖြစ်သွားကြတာပါ။

play

 

သြစတြေးလျမင်းသမီး မားဂေါ့ရော်ဘီဟာ သူမနဲ့ ၃ နှစ်ကြာ တွဲလာခဲ့တဲ့ချစ်သူနဲ့ လက်ထပ်လိုက်ပြီလို့ ယုံကြည်ရပါတယ်။ သြစတြေးလျသတင်းဝက်ဘ်ဆိုက် Daily Telegraph ကလည်း မားဂေါ့ရော်ဘီနဲ့ တွမ်အက်ကာလေတို့ဟာ ပိတ်ရက်တုန်းက ဘိုင်ရွန်မှာ အကျဉ်းချုံးလက်ထပ်ခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

A post shared by @margotrobbie on

 

နှစ်ယောက်သား စေ့စပ်တာတောင်မလုပ်ဘဲ တန်းပြီးလက်ထပ်ခဲ့ကြတာပါ။ မားဂေါ့ရော်ဘီရဲ့ အင်စတာဂရမ်မှာလည်း မက်မွန်သီးပုံစံစိန်ပွင့်နဲ့ လက်ထပ်လက်စွပ်ကို ဝတ်ဆင်ထားတဲ့ပုံလေးတစ်ပုံ တင်ထားပါတယ်။ ဟာလေကွင်းဇာတ်ရုပ်ပိုင်ရှင်လေးဟာ ဗြိတိန် လက်ထောက်ဒါရိုက်တာ တွမ်နဲ့ ၂၀၁၃ ခုနှစ်က ရိုက်ကွင်းမှာ စတင်ဆုံတွေ့ပြီး ချစ်ကြိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

Source : People

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ