International Celebrity: ဒေါ်လာ ၂.၈ သန်းကျော် လူလိမ်ခံလိုက်ရတဲ့ ရီတာအိုရာ

ထိုလူကတော့ ဆော်ဒီမင်းသားတစ်ပါးလို နေထိုင်နေတယ်လို့ ဆိုပါတယ်။

play

 

အသက် ၂၆ နှစ်အရွယ် ရီတာအိုရာ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေထဲက ဒေါ်လာ ၂.၈ သန်းကျော်ကို စာရင်းကိုင်တစ်ဦးက လိမ်လည်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စာရင်းကိုင်ဟာ Audi A5 တစ်စီးနဲ့ မာစီဒီးတစ်စီးအပါအဝင် ဇိမ်ခံကားတွေ ဝင်ထားတဲ့အပြင် ဒေါ်လာ နှစ်သောင်းခွဲတန် ရိုးလက်စ်နာရီတစ်လုံးလည်းရှိတယ်လို့ သူ့ရဲ့အိမ်နီးချင်းတွေက ဆိုထားပါတယ်။

play

ဝင်ငွေအသင့်အတင့်သာရှိတဲ့ ထိုလူဟာ အင်္ဂလန်အရှေ့တောင်ပိုင်းမှာလည်း ဒေါ်လာ တစ်သန်းကျော်တန် အိပ်ခန်း ၅ ခန်းပါ အိမ်တစ်လုံး ဝယ်နိုင်နေလဲဆိုတာကို ရဲဌာနက စုံစမ်းစစ်ဆေးနေပါတယ်။

ထိုလူဟာ အွန်လိုင်းလောင်းကစားကနေ ငွေတွေ အများကြီးနိုင်လိုက်တယ်လို့ သတင်းလွှင့်ထားပါတယ်။

ထိုလူ လိမ်လည်သွားတဲ့ ရင်းနှီးမြှုပ်နှံသူများစွာရှိပြီး အဲဒီထဲမှာ ရီတာအိုရာ ပါဝင်နေတာဖြစ်ကြောင်း သတင်းပေးတစ်ဦးက ဆိုပါတယ်။

play

 

"ရီတာက ဖက်ရှင်နဲ့ဂီတလောကမှာ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလုပ်ထားတယ်။ အဲဒါအပြင် အမေရိကနဲ့ အာရှမှာလည်း စီးပွားရေးလုပ်ငန်းတွေရှိတယ်။ ဒါကြောင့် ပျောက်သွားတဲ့ငွေတွေကို ပြန်ပြီး စိစစ်ရမှာက အတော်လေး ရှုပ်ထွေးပါတယ်" လို့ အဆိုပါ သတင်းပေးက ဆိုပါတယ်။

ရီတာဟာ X Factor မှာ ဒိုင်လုပ်တဲ့အတွက် ပေါင် ၁.၅ သန်း (ဒေါ်လာ ၁.၈၆ သန်းခန့်) နဲ့ DKNY ဆီက ပေါင် ၂.၅ သန်း (ဒေါ်လာ ၃ သန်း) ရရှိထားတာ အပါအဝင် သူမရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုက ဒေါ်လာ ၁၂ သန်းကျော် ရှိပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ