International Celebrity: အနမ်းချင်းဖလှယ်နေကြတဲ့ ဘယ်လာသွန်းနဲ့ ချာလီပွတ်သ်

သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေပြီလား။

play

 

အဆိုတော် ချာလီပွတ်သ်နဲ့ ဟောလိဝုဒ်မင်းသမီး ဘယ်လာသွန်းတို့ဟာ ကမ်းခြေမှာ အတူပျော်ရွှင်နေကြတာကို မြင်တွေ့လိုက်ရလိုက်တဲ့အတွက် သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေပြီဆိုတဲ့ သတင်းက သေချာသလောက်ဖြစ်နေပါပြီ။

ဖလော်ရီဒါပြည်နယ်၊ မီယာမီကမ်းခြေရောက်နေတဲ့ သူတို့စုံတွဲဟာ အနမ်းချင်း ဖလှယ်ခဲ့ကတဲ့အပြင် လက်ချင်းတွဲပြီးတော့ လမ်းလျှောက်ခဲ့ကြပါတယ်။

play

 

စနေနေ့ည (ဒီဇင်ဘာလ ၁၇ ရက်) ကလည်း အသက် ၁၉ နှစ်အရွယ် မင်းသမီးလေးဟာ iHeartRadio Jingle Ball မှာ ချာလီပွတ်သ်ရဲ့သီဆိုဖျော်ဖြေမှုကို သွားရောက်အားပေးခဲ့ပြီး နှစ်ဦးသား စတိတ်စင်ဘေးမှ အတူရပ်နေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

play

 

"သူတို့နှစ်ယောက်က သူငယ်ချင်းတွေပါလို့ ချာလီက ပြောတယ်။ ဒါပေမဲ့ သူ ဒုတိယသီချင်းဆိုချိန်မှာ စတိတ်စင်ပေါ်ကနေ ဘယ်လာကိုပဲ ကြည့်နေပြီး သူမက စတိတ်စင်ဘေးကနေ ကြည့်နေတယ်" လို့ သတင်းပေးတစ်ဦးက ဆိုပါတယ်။

ဒါပေမဲ့ ဘယ်လာဟာ မင်းသား တေလာပေါ့ဆေးနဲ့လည်း မကြာသေးမီကမှ တွဲနေခဲ့တာ ဖြစ်ပါတယ်။

တေလာနဲ့ မတိုင်ခင်က ဘယ်လာဟာ မင်းသား Gregg Sulkin နဲ့ တွဲခဲ့ဖူးပေမဲ့ များပြားလှတဲ့အလုပ်တွေကြောင့် လမ်းခွဲလိုက်ကြတာ ဖြစ်ပါတယ်

Source & Photos : eonline

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ