International Celebrity: မီယာမီကမ်းခြေရောက် ဘယ်လာသွန်းရဲ့ အလန်းစားဓာတ်ပုံများ

Crop Top လေးနဲ့ အလန်းကြီးလန်းနေခဲ့ပါတယ်။

play

 

ဟောလိဝုဒ်မင်းသမီး ဘယ်လာသွန်းဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ မီယာမီကမ်းခြေကို သူငယ်ချင်းတွေနဲ့အတူ ရောက်သွားခဲ့ပြီး ပျော်ရွှင်လန်းဆန်းနေတာကို မြင်တွေ့ရပါတယ်။

play

 

အသက် ၁၉ နှစ်အရွယ် ဘယ်လာဟာ ဂျင်းဘောင်းဘီတိုလေးကို Crop Top အဖြူလေးနဲ့ တွဲဝတ်လို့ သူမရဲ့သွယ်လျလှပတဲ့ ခန္ဓာကိုယ်အလှနဲ့ အပေါ်ပိုင်းအလှကို ဖော်ပြထားပါတယ်။

play

 

မကြာသေးမီကမှ သရုပ်ဆောင်မင်းသား တေလာပေါ့ဆေးနဲ့ တွဲနေတဲ့ သူမဟာ အခုကမ်းခြေမှာတော့ အဆိုတော် ချာလီပွတ်သ်နဲ့ အနမ်းခြွေနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဘယ်လာဟာ အင်္ဂလိပ်မင်းသား Gregg နဲ့ လမ်းခွဲပြီးနောက် မိန်းကလေးတစ်ဦးကို အနမ်းခြွေနေတဲ့ဓာတ်ပုံကို ဆိုရှယ်မီဒီယာကနေ မျှဝေရင်း သူမဟာ လိင်တူလိင်ကွဲနှစ်မျိုးစလုံး စိတ်ဝင်စားသူပါလို့ ဒီနှစ်အစောပိုင်းက ပြောခဲ့ဖူးပါတယ်။

play

 

သူမ သဘောကျနှစ်ခြိုက်ရတဲ့ အိပ်မက်ထဲက အမျိုးသမီးတွေကတော့ ဒမ်မီလိုဗာတိုနဲ့ မိုင်လီဆိုင်းရက်စ်လို့လည်း သူမက ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ဖူးပါတယ်။

အနမ်းချင်းဖလှယ်နေကြတဲ့ ဘယ်လာသွန်းနဲ့ ချာလီပွတ်သ်

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ