International Celebrity: ဂျီဂျီဟက်ဒီးနဲ့ သူမကြား ပြိုင်ဆိုင်မှုမရှိဘူးဆိုတဲ့ ဘယ်လာဟက်ဒီး

သူတို့ညီအစ်မဟာ ဒီနှစ်ထဲမှာ အရမ်းကို နာမည်ကြီးလာတာပါ။

play

 

အမေရိကန်မော်ဒယ်ညီအစ်မ ဖြစ်တဲ့ ဂျီဂျီဟက်ဒီးနဲ့ ဘယ်လာဟက်ဒီးဟာ ဖက်ရှင်လောကမှာ အလန်းဆုံး မော်ဒယ်တွေအဖြစ် သတ်မှတ်ခံထားရသူတွေဖြစ်ပါတယ်။

သူတို့နှစ်ဦးစလုံးဟာ Versace၊ Chanel နဲ့ Victoria's Secret တို့လို နာမည်ကြီးဖက်ရှင်ရှိုးတွေမှာ ထွန်းလင်းတောက်ပခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

play

 

အသက်မွေးဝမ်းကျောင်းတစ်ခုတည်းကို ပြိုင်တူလုပ်ကိုင်နေကြပေမဲ့ သူတို့ကြားမျာ ဘာပြိုင်ဆိုင်မှုမှ မရှိပါဘူးလို့ ဘယ်လာက အခိုင်အမာဆိုခဲ့ပါတယ်။

"ဂျီဂျီက ကျွန်မကို လုံခြုံနွေးထွေးမှုပေးတဲ့ စောင်တစ်ထည်ပါ။ တစ်ယောက်နဲ့တစ်ယောက် အားပေးကြတယ်။ ကျွန်မတို့တွေ မပြိုင်ဆိုင်ကြပါဘူး။ ကျွန်မမှာ ဒီလိုအစ်မမျိုးရှိတာ ကံကောင်းပါတယ်" လို့ ဘယ်လာက Grazia ဗြိတိန်မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ဝေဖန်ကဲ့ရဲ့မှုတွေအပေါ် အစ်မဖြစ်သူ ဂျီဂျီရဲ့ တုံ့ပြန်မှုကို လေးစားတယ်လို့ ဆိုပါတယ်။ အဆိုးမြင် ပြောစကားတွေကို ခံစားမနေဘဲ အပြုသဘောမျိုးဖြစ်အောင် ပြောင်းလဲနိုင်တာကိုလည်း သဘောကျတယ်လို့ ဘယ်လာက ချီးကျူးစကားဆိုခဲ့ပါတယ်။

play

 

နှစ်ယောက်ပေါင်း ဒေါ်လာ ၁၈ သန်းခန့် ပိုင်ဆိုင်မှုရှိတဲ့ သူတို့ညီအစ်မဟာ ommy Hilfiger, Ralph Lauren, Balmain, Marc Jacobs, Topshop နဲ့ Dior အပါအဝင် နာမည်ကြီး ဖက်ရှင်ကုမ္ပဏီများအတွက် ကြော်ငြာများလည်း ရိုက်ကူးပေးခဲ့ပါတယ်။ နှစ်ဦးစလုံးဟာ တွစ်တာနဲ့ အင်စတာဂရမ်မှာ Follower သန်းနဲ့ချီရှိပြီး ဆိုရှယ်မီဒီယာမှာ အောင်မြင်မှုရတာချင်းလည်း တူညီပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့က လန်ဒန်မြို့ရှိ Royal Albert ခန်းမမှာ ပေးတဲ့ The International Model Of The Year ဆုအတွက် ဘယ်လာနဲ့ ဂျီဂျီနှစ်ဦးစလုံး ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ကာ ဆုကိုတော့ ဂျီဂျီဟက်ဒီးက ရရှိသွားခဲ့ပါတယ်။

Source & Photos : Online

ဟက်ဒီးညီအစ်မနှစ်ယောက်ထဲက ဘယ်သူ့ကို သဘောကျလဲ။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ