International Celebrity: ရင်းနှီးမှုတွေ ပိုလာတဲ့ ဂျနီဖာလိုပက်စ်နဲ့ ဒရိတ်ခ်

သီချင်းသစ်တစ်ပုဒ်ကိုလည်း နှစ်ယောက်အတူ ဖန်တီးနေကြပါတယ်။

play

 

ဂျနီဖာလိုပက်စ်နဲ့ ဒရိတ်ခ်တို့ကြားက ဆက်ဆံရေးဟာ သီချင်းအတူဖန်တီးဖို့ဆိုတာထက် ပိုနေသလိုပါပဲ။

အသက် ၄၇ နှစ်အရွယ် အဆိုတော် ဂျေလိုနဲ့ အသက် ၃၀ အရွယ် ဒရိတ်ခ်တို့ဟာ သီချင်းသစ်အတူဖန်တီးနေတဲ့အတွက် အတူတူရှိနေတဲ့အချိန်တွေ များနေတယ်လို့ သိရပါတယ်။

play

 

ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ သီချင်းဖန်တီးဖို့အတွက်သာမကဘဲ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညက လော့ဆန်းဂျလိစ်မှာ ညဘက်အတူထွက်ခဲ့ကြပြီး ဒရိတ်ခ်က ဂျေလိုရဲ့ Las Vegas All I Have ဖျော်ဖြေပွဲကို နှစ်ကြိမ်တိုင်တိုင် သွားကြည့်ခဲ့ပါတယ်။

"သူတို့က သီချင်းအတူဖန်တီးနေတဲ့အတွက် သူငယ်ချင်းတွေဖြစ်လာတာပါ" လို့ သတင်းပေးတစ်ဦးက ပြောခဲ့ပါတယ်။

play

 

လတ်တလောမှာတော့ သူတို့ရဲ့ဆက်ဆံရေးဟာ သူငယ်ချင်းအဆင့်ထက် မပိုသေးပေမဲ့ မကြာခင်မှာတော့ ပိုလာနိုင်တယ်လို့တော့ ထိုလူက ထင်ကြေးပေးခဲ့ပါတယ်။

သြဂုတ်လတုန်းက ဂျေလိုဟာ သူမနဲ့ ၅ နှစ်ကြာ ချစ်သူဖြစ်ခဲ့တဲ့ နောက်ခံအကသမား ကက်စပါစမကတ်နဲ့ လမ်းခွဲခဲ့ပြီး ဒရိတ်ကတော့ ရီဟားနားနဲ့ အောက်တိုဘာလမှာ ထပ်ပြီး ကွဲသွားခဲ့တယ်လို့ ကြားသိရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ