International Celebrity: စန်တာကလော့စ်တွေအဖြစ်နဲ့ နာမကျန်းတဲ့ကလေးတွေဆီ သွားခဲ့ကြတဲ့ ကေတီနဲ့အော်လန်ဒို

အချစ်ရေးကလည်း သာသာယာယာပါပဲ...

play

 

ခရစ္စမတ်ကာလ ဖြစ်တာကြောင့် ကလေးတွေအနေနဲ့ စန်တာကလော့စ်ကို မျှော်ကြတဲ့အချိန်မှာ လော့စ်အန်ဂျလိစ်ကလေးဆေးရုံကို တက်ရောက်နေရတဲ့ ကလေးတွေကတော့ ကံကောင်းသွားကြပါတယ်။ စန်တာကလော့စ်ကိုသာမက မစ္စစန်တာကလော့စ်ကိုပါ တွေ့ဆုံနှုတ်ဆက်ခွင့်ရလိုက်လို့ပါပဲ။ အော်လန်ဒိုဘလွန်းနဲ့ ကေတီပယ်ရီတို့ဟာ စန်တာကလော့စ်ပုံစံ ဝတ်ဆင်ကာ ကလေးဆေးရုံကို အင်္ဂါနေ့မှာ သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။

play

 

ကေတီနဲ့ အော်လန်ဒိုတို့ရဲ့အချစ်ရေးက တစ်နှစ်အတွင်းမှာပဲ အတော်ကို ရင်းနှီးနီးကပ်လာတဲ့အဆင့်ကို မြန်မြန်ဆန်ဆန်ရောက်လာကြပါတယ်။ စေ့စပ်တာတော့ မလုပ်ရသေးပေမဲ့ တစ်ယောက်ကိုတစ်ယောက် အတော်ချစ်ကြပြီး ဟာဝိုင်အီ၊ အီတလီနဲ့ ပြင်သစ်တို့ကိုလည်း အတူခရီးထွက်ခဲ့ကြပြီးပါပြီ။ မကြာခင်လည်း အလည်အပတ်ခရီးထွက်ကြဦးမယ်လို့ ဆိုပါတယ်။

Source : People

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ