International Celebrity: ကန်ဒဲလ်၊ ဂျီဂျီတို့နဲ့အတူ ကမ်းခြေမှာကြော်ငြာရိုက်နေပြန်တဲ့ အက်ရှ်လေဂရေဟမ်

play

 

ယနေ့ခေတ် နာမည်ကျော်မော်ဒယ်တွေထဲမှာမှ ငယ်ရွယ်ပြီးလှပနုပျိုမှုကို ပိုင်ဆိုင်ထားကြတဲ့ ကန်ဒဲလ်ဂျန်နာနဲ့ ဂျီဂျီဟက်ဒီးတို့ဟာ အတော်ကိုခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေပါ။ အချို့ကုမ္ပဏီတွေဆိုရင် သူမတို့နှစ်ယောက်လုံးကိုငှားရမ်းကာ ကြော်ငြာစေပါတယ်။ တနင်္လာနေ့ကတော့ သူတို့နှစ်ဦးနဲ့အတူ အကိတ်မော်ဒယ်ကြီး အက်ရှ်လေဂရေဟမ်ကိုပါ မာလီဘူးကမ်းခြေမှာ အတူတကွ တွေ့ရပါတယ်။

play

 

သူတို့၃ဦးတည်းတော့ မဟုတ်ပါဘူး။ နောက်ထပ် မော်ဒယ် ၃ ဦးလည်း ပါဝင်ပါသေးတယ်။ အနက်ရောင်ကိုယ်ကျပ်လက်ရှည်တွေ ဆင်တူဝတ်ကာ ငှက်ကလေးတွေလို လက်တွေကိုလေမှာဝဲပြီး ပြုံးရွှင်စွာနဲ့ သရုပ်ဆောင်နေပုံက ပေါ့ပေါ့ပါးပါးနဲ့ သဘာဝဆန်ပါတယ်။ မော်ဒယ် ၆ ဦးဟာ ရေကူးဝတ်စုံကြော်ငြာအတွက် ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ