International Celebrity: ကေပေါ့ပ်ကြယ်ပွင့် ဖြစ်ချင်ပါတယ်ဆိုတဲ့ ဂျေဒန်စမစ်

အရမ်းကို ဖြစ်ချင်နေတာပါ။

play

 

အမေရိကန် သရုပ်ဆောင်၊ အဆိုတော်လေး ဂျေဒန်စမစ်သ်က နောက်ထပ် ခြေလှမ်းသစ်တစ်ခု စတင်ချင်နေပုံပါပဲ။ သူ့ရဲ့ တွစ်တာပေါ်မှာ " ကျွန်တော် ကေပေါ့ပ်ကြယ်ပွင့်တစ်ယောက် ဖြစ်ချင်တယ်" လို့ ရေးထားပါတယ်။ တစ်ကြိမ်တည်းတောင်မဟုတ်ပါဘူး။ နှစ်ကြိမ်တိုင်တိုင် ရေးသားခဲ့တာပါ။ အရင်တုန်းကလည်း G Drogon ကို အားကျလေးစားတယ်လို့လည်း ပြောခဲ့ဖူးပါတယ်။

 

သရုပ်ဆောင်၊ ရပ်ပ်ပါနဲ့ ဖက်ရှင်မော်ဒယ်အဖြစ်နဲ့ နာမည်ရနေတဲ့ ၁၈ နှစ်သားလေးက အနုပညာလောဘကြီးပုံရပါတယ်။ နောက်ဆုံးအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ဒီဇင်ဘာ ၄ ရက်နေ့မှာ Fallen အမည်ရှိ သီချင်းဗီဒီယိုတစ်ပုဒ်လည်း ထွက်ရှိထားပါတယ်။

Source : Twitter

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ