play

 

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ဟာ မြေးဖြစ်သူ မင်းသား ဟယ်ရီနဲ့ အမေရိကန်သရုပ်ဆောင်မင်းသမီး မီဂန်မာကယ်တို့ရဲ့အချစ်ရေးကို လက်ခံသဘောတူလိုက်ပါပြီ။

အသက် ၃၂ နှစ်အရွယ် တော်ဝင်မင်းသား ဟယ်ရီဟာ Suits အမေရိကန်ရုပ်သံဇာတ်လမ်းတွဲမင်းသမီးနဲ့ ချစ်သူတွေဖြစ်နေတာ လအနည်းငယ်ကြာပြီဖြစ်ပေမဲ့ မီဂန်ဟာ ဘုရင်မကြီးနဲ့ မတွေ့ရသေးပါဘူး။

play

 

ဘုရင်မကြီးအဲလိဇဘက်က မင်းသား ဟယ်ရီ  အရမ်းပျော်နေတာကို မြင်ရတဲ့အတွက် ပီတိဖြာနေတယ်လို့ သိရပါတယ်။

"ဟယ်ရီ အချစ်ရေးအဆင်ပြေနေတာကို မြင်ရတဲ့အတွက် ဘုရင်မကြီးက ကျေနပ်နေပါတယ်" လို့ သတင်းပေးတစ်ဦးက US Weekly ကို ပြောခဲ့ပါတယ်။

ဒါ့အပြင် တော်ဝင်တစ်ဦးနဲ့ ချစ်သူတွေဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကို ဖြေရှင်းနိုင်ဖို့ မီဂန့်ကို ဟယ်ရီရဲ့ ဆက်သွယ်ရေး အတွင်းရေးမှူး ဂျေဆန်နက်ဖ်နဲ့ ကိုယ်ရေးအတွင်းရေးမှူး အက်ဒ်လိန်းဖောက်စ်တို့က ကူညီ အကြံပေးနေတယ်လို့လည်း သိရပါတယ်။

play

 

သူတို့အချစ်ရေးက အစစအရာရာ ပန်းခင်းလမ်းဖြစ်နေပြီး မကြာခင်မှာပဲ စေ့စပ်ကြောင်းလမ်းတော့မယ်လို့ ယူဆကြောင်း  ယင်းသတင်းပေးက ပြောခဲ့ပါတယ်။

"နွေဦးလောက်မှာ စေ့စပ်တော့မယ်လို့ ထင်တယ်။ ဟယ်ရီက အရမ်းကို ပျော်နေတယ်" လို့ ထိုသူက ဆိုခဲ့ပါတယ်။

Source & Photos : Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video