International Celebrity: ခေတ္တခဏသာတည်မြဲခဲ့တဲ့ ဘယ်လာသွန်းနဲ့ ချာလီပွတ်သ်တို့ရဲ့အချစ်ရေး

ချာလီက တွစ်တာပေါ်မှာ ခံစားချက်ကို ရင်ဖွင့်ခဲ့ပါတယ်။

play

 

မင်းသမီးလေး ဘယ်လာသွန်းနဲ့ အဆိုတော်ချာလီပွတ်သ်တို့ရဲ့ အချစ်ရေးဟာ လျင်လျင်မြန်မြန်ပဲ အဆုံးသတ်သွားပါတယ်။ ချာလီကတော့ ဘယ်လာရဲ့လုပ်ရပ်ကို လက်မခံသလို ဘယ်လာကလည်း ချာလီရဲ့နားလည်ပေးနိုင်စွမ်းနည်းပါးမှုအပေါ် လက်မခံနိုင်ခဲ့ပါဘူး။

play

 

ဘယ်လာသွန်းဟာ အချစ်ဟောင်း တိုင်လာပိုစီနဲ့ ပြန်ပြီးဆက်သွယ်နေတာကို သိရှိသွားတဲ့ ချာလီက တွစ်တာပေါ်မှာ စာတွေပလူပျံအောင် တစ်ခုပြီးတစ်ခုရေးကာ သူ့ရဲ့ခံစားချက်ကို ရင်ဖွင့်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဘယ်လာသွန်းနဲ့ အဆက်ဖြတ်လိုက်တော့မယ်လို့ ရေးခဲ့ပါတယ်။

 

ဘယ်လာသွန်းကလည်း တွစ်တာပေါ်မှာပဲ တုံ့ပြန်ခဲ့ပါတယ်။ သူမနဲ့တိုင်လာတို့ ပြတ်သွားခဲ့ပြီးပြီဖြစ်ကြောင်းနဲ့ ချာလီပွတ်သ်နဲ့လည်း တွဲနေတာမဟုတ်ဘူးလို့ ဆိုပါတယ်။ Paper မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာတော့ သူမအတွက်လူမှုကွန်ရက်က အရေးကြီးနေတာဖြစ်ပြီး ဒါကိုနားလည်မပေးနိုင်တဲ့လူနဲ့ တွဲဖို့ ခက်ခဲပါတယ်လို့လည်း ဖြေကြားသွားပြန်ပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ