International Celebrity: ရင်သားပြုပြင်ထားတယ်လို့ ထပ်မံစွပ်စွဲခံလိုက်ရတဲ့ ခိုင်လီဂျန်နာ

သူမဟာ တနေ့တခြား ဖွံ့ထွားလာနေသလိုပါပဲ။

play

 

ခိုင်လီဂျန်နာဟာ အသက် ၁၉ နှစ်သာ ရှိသေးပေမဲ့ သူမရဲ့ဖွံ့ထွားမှုက မယုံနိုင်လောက်အောင်ဖြစ်ပြီး ပိုပိုပြီးလည်း ဖွံ့ထွားလာနေသလိုပါပဲ။

ဒီဇင်ဘာလ ၁၉ ရက်မှာ ပြသလိုက်တဲ့ ခိုင်လီဂျန်နာရဲ့ဓာတ်ပုံသစ်ဟာ သူမ ရင်သားပြုပြင်ထားတာ သေချာတယ်ဆိုတဲ့ မှတ်ချက်တွေကို ထွက်ပေါ်လာစေခဲ့ပါတယ်။

play

 

ဒီနှစ်အစောပိုင်းမှာလည်း အသက် ၁၉ နှစ်အရွယ် အလှကုန်ကုမ္ပဏီပိုင်ရှင်မလေးဟာ ရင်သားပြုပြင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တစ်လတစ်ခါ သူမဟာ ဒီလိုပဲ ဖြစ်တတ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

play
၂၀၁၃ ခုနှစ်က ခိုင်လီဂျန်နာ

 

ခိုင်လီဟာ ခွဲစိတ်ပြုပြင်ထားတယ်လို့ ခဏခဏစွပ်စွဲခံရပေမဲ့ သူမဟာ အမြဲတမ်း ငြင်းဆိုခဲ့ပြီး အသက် ၁၇ နှစ်အရွယ်မှာ ခွဲစိတ်ပြုပြင်ဖူးတယ်လို့ မနှစ်ကတော့ တစ်ကြိမ် ဝန်ခံခဲ့ဖူးပါတယ်။

စူပါမော်ဒယ် ကန်ဒဲလ်ဂျန်နာရဲ့ညီမ ခိုင်လီဂျန်နာဟာ လွန်ခဲ့တဲ့ ၃ နှစ်က ပုံစံနဲ့ ရုပ်ရည်ရော ကိုယ်လုံးကိုယ်ပေါက်ပါ အကွာကြီး ကွာခြားသွားခဲ့ပါပြီ။

play

 

နာမည်ကြီး Kylie Jenner နှုတ်ခမ်းနီကို ထုတ်လုပ်နေတဲ့ ခိုင်လီဟာ အင်စတာဂရမ် Follower ၈၁.၄ သန်း ရှိထားကာ သူမ နောက်ဆုံးတင်လိုက်တဲ့ ဓာတ်ပုံအောက်မှာ "ရင်သားပြုပြင်တာ ဘယ်လောက်ကုန်သလဲ..ချက်ချင်းကြီးကို ထွားလာတာပဲ..ရင်သားအတုတွေက မိုက်တယ်..ရင်သားအသစ်တွေကို ပြတာပေါ့" စသဖြင့် အမျိုးမျိုး ကွန်မန့်တွေ ပေးထားကြပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ