International Celebrity: မာတင်ဖရီးမန်းရဲ့ ၁၅ နှစ်ကြာ အိမ်ထောင်ရေး ဆုံးခန်းတိုင်

ရှားလော့ဟုမ်းဇာတ်လမ်းတွဲမှာ မြင်နေကြ သရုပ်ဆောင်တွေပေါ့။

play

 

အင်္ဂလိပ်သရုပ်ဆောင်ကြီး မာတင်ဖရီးမန်းဟာ ၁၅ နှစ်တာ လက်တွဲလာတဲ့ အမန်ဒါ အက်ဘင်တန်နဲ့ တိတ်တဆိတ်လမ်းခွဲလိုက်ပြီဖြစ်ကြောင်း Financial Time သတင်းက ဖော်ပြလာပါတယ်။ အမန်ဒါနဲ့ မာတင်တို့ဟာ ၂၀၀၁ ခုနှစ်ကတည်းက အတူနေထိုင်လာကြတာပါ။ ကလေးနှစ်ယောက်လည်း ထွန်းကားပြီးနေပါပြီ။

Financial Time နဲ့ အင်တာဗျူးပြုလုပ်စဉ်မှာ မာတင်ဖရီးမန်းက ထုတ်ပြောလိုက်တာဖြစ်ပါတယ်။ အမန်ဒါကို ချစ်နေဆဲဖြစ်သလို အရမ်းအရမ်းကို ခင်မင်ရင်းနှီးနေကြတုန်းပါပဲလို့ ပြောပါတယ်။ အမန်ဒါနဲ့ မာတင်တို့ဟာ ရှားလော့ဟုမ်းဇာတ်လမ်းတွဲတွေမှာလည်း ဇနီးမောင်နှံအဖြစ် ပါဝင်ထားကြပါတယ်။

Source : Daily Mail

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ