International Celebrity: အင်တာဗျူးတဲ့ သတင်းထောက်မလေးကို အနေခက်အောင် လုပ်ခဲ့တဲ့ ဗင်ဒီဆယ်

သတင်းထောက်မလေး ဘယ်လောက်လှကြောင်းပဲ ပြောနေခဲ့ပါတယ်။

play

 

ဗင်ဒီဆယ်ဟာ မကြာခင် ထွက်ရှိမယ့် “xXx: Return of Xander Cage” ဇာတ်ကားအတွက် ဘရာဇီး သတင်းထောက် Carol Moreira နဲ့ အင်တာဗျူးထိုင်ခဲ့တာ ဖြစ်ပေမဲ့ ဗင်ဒီဆယ်ဟာ ဇာတ်ကားအကြောင်းထက် သတင်းထောက်မလေးကိုပဲ ပိုမို စိတ်ဝင်စားခဲ့ပါတယ်။

play

 

သတင်းထောက်မလေး Moreira က ဇာတ်ကားအကြောင်း မေးနေပေမဲ့လည်း ဗင်ဒီဆယ်ကတော့ သူမရဲ့ ရုပ်ရည်ချောမောလှပမှုအကြောင်းပဲ ပြောချင်နေပုံရပြီး Moreira တစ်ယောက် နေရထိုင်ရ ခက်ခဲနေခဲ့တာကို ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ခဲ့ရပါတယ်။

 

Moreira က အဲဒီဗီဒီယိုဖိုင်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ YouTube မှာ တင်ခဲ့ပါတယ်။ သူမဟာ ဗင်ဒီဆယ်နဲ့ တွေ့ဆုံရတဲ့အတွက် စိတ်လှုပ်ရှားပေမဲ့ သူ့ရဲ့ချီးမွမ်းမှုတွေကို ဘယ်လိုတုံ့ပြန်ရမှန်းမသိတဲ့အတွက် ရယ်လို့သာ နေခဲ့ရကြောင်း ရှင်းပြခဲ့ပါတယ်။ ဗင်ဒီဆယ်က သူမရဲ့မေးခွန်းတွေကို တစ်ချိန်လုံး နှောင့်ယှက်ပြောဆိုနေတဲ့အတွက် သူမ ဝမ်းနည်းခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အင်တာဗျူးတစ်လျှောက်လုံးမှာ ဗင်ဒီဆယ်က Moreira ဘယ်လောက်ချောကြောင်းသာ အကြိမ်ကြိမ် ပြောနေခဲ့ပါတယ်။

"မင်းက အရမ်းလှတာပဲ" လို့ သူက ပြောခဲ့ပါတယ်။

play

"သူ အရမ်းလှတာပဲနော်။ ကျွန်တော်ပြောတာ မမှန်ဘူးလား။ သူ့ကို ကြည့်ပါဦး။ ကျွန်တော် ဒီအင်တာဗျူးကို ဘယ်လိုလုပ်ရမလဲ။ ဒီအမျိုးသမီးကို ကြည့်ပါဦး။ အရမ်းလှတာပဲ။ ကိုယ့်ကို စကားပြောပါဦး ဘေဘီ" လို့ ကင်မရာမင်းတွေဘက်ကို လှမ်းပြီး ပြောနေပါသေးတယ်။

play

 

နေရထိုင်ရခက်နေတာ သိသာလှတဲ့ Moreira ဟာ ဗင်ဒီဆယ်ရဲ့ မထိတထိစကားတွေကို ရယ်မောပစ်ရင်း အင်တာဗျူးကို ဆက်နိုင်ဖို့ ကြိုးစားခဲ့ရပါတယ်။

Source & Photos : Huffington

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ