International Celebrity: ခက်ခက်ခဲခဲ အဝတ်လဲနေရတဲ့ ကာလီကလော့စ်

ကြမ်းပြင်ပေါ်မှာတောင် လူးလွန့်နေခဲ့ရပါတယ်။

play

 

Love မဂ္ဂဇင်းရဲ့ ခရစ္စမတ်ပြက္ခဒိန်ထဲက ၂၃ ရက်နေ့မှာ ကာလီကလော့စ်တစ်ယောက် အဝတ်အစားချွတ်ဖို့ ကြိုးစားရုန်းကန်နေရတာကို မြင်တွေ့ရပါတယ်။

play

 

အဲဒီဗီဒီယိုဖိုင်ထဲမှာ ကာလီကလော့စ်ဟာ အိပ်ခန်းထဲကို အနက်ရောင် ဝတ်စုံနဲ့ ရောက်လာခဲ့ပြီး အဲဒီဝတ်စုံကို ချွတ်ဖို့ အတော်လေး ရုန်းကန်နေရတာကို ဗီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

play

 

La Totale! လို့ အမည်ပေးထားတဲ့ ယင်းဗီဒီယိုဖိုင်ထဲမှာ နောက်ဇစ်ကို ဖြုတ်ရခက်ခဲနေတဲ့အတွက် ဇစ်နဲ့ နပန်းလုံးရင်း အခန်းထဲမှာ ကနေပုံကို ရိုက်ပြထားပါတယ်။

နောက်ဆုံးမှာ သူမဟာ အဝတ်အစားကို ချွတ်နိုင်ခဲ့ပြီး အနီရောင်အတွင်းခံလေးနဲ့ အပြင်ထွက်ဖို့ ပြင်ဆင်နေခဲ့ပါတယ်။

play

 

နှုတ်ခမ်းနီကို ထပ်ဆိုးပြီး ဆံပင်ကို ပန်းအိုးထဲကရေနဲ့ စွတ်စိုအောင် လုပ်ခဲ့ပါတယ်။

နောက်ဆုံးမှာ ကာလီဟာ အနက်ရောင် Louboutins ဖိနပ်နဲ့ လဲပြိုတော့မလိုဖြစ်သွားခဲ့ပြီး အခန်းထဲက ထွက်ခွာသွားခဲ့ပါတယ်။

play

 

ဗီဒီယိုဖိုင်လေးဟာ ဗြိတိန်ရဲ့ နာမည်ကျော် ဖက်ရှင်မဂ္ဂဇင်း Love ရဲ့ ခရစ္စမတ်အတွက် ရည်ရွယ်တဲ့ ရက်ပေါင်း ၃၁ ရက်ကို စိတ်ဝင်စားဖွယ် ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

အခုထိတော့ ၃၁ ရက်စာ ဗီဒီယိုဖိုင်လေးအတွက် ခရစ်ဆီတိုင်ဂန်၊ ရီတာအိုရာနဲ့ အက်ဘေကလန်စီတို့လို ဆယ်လီတွေနဲ့အတူ စတယ်လာမက်စ်ဝဲလ်၊ ဘယ်လာဟက်ဒီးနဲ့ တေလာဟေးလ်တို့ အပါအဝင် ကမ္ဘာ့ထိပ်တန်းမော်ဒယ်တွေပါဝင်ထားတယ်လို့ သိရပါတယ်။

ကာလီကလော့စ်ဟာ ကမ္ဘာ့ထိပ်တန်း မော်ဒယ်တစ်ဦးဖြစ်ပြီး Forbes မဂ္ဂဇင်းက ပြုစုတဲ့ ၂၀၁၆ ခုနှစ် ဝင်ငွေအကောင်းဆုံး မော်ဒယ်စာရင်းမှာ တတိယနေရာမှာ ရှိနေခဲ့ကာ သူမရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ ၁၀ သန်းခန့်ရှိတယ်လို့  ခန့်မှန်းတွက်ချက်ထားပါတယ်။

Source & Photos : The Sun
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ