International Celebrity: ဇက်အက်ဖရွန်အကြောင်း ထုတ်ပြောလာတဲ့ ပရီယန်ကာချော်ပရာ

သူမရဲ့ ဟောလိဝုဒ်ပွဲဦးထွက်ရုပ်ရှင်လည်း ဖြစ်ပါတယ်။

play

 

ဘောလိဝုဒ်မင်းသမီးချော ပရီယန်ကာချော်ပရာဟာ ဟောလိဝုဒ်မင်းသားနှစ်လက်နဲ့အတူ ပွဲထွက်ထားတဲ့ Baywatch ရုပ်ရှင်ကြောင့် မကြာခင်ကာလအတွင်း ဟောလိဝုဒ်ဈေးကွက်ကိုပါ ထိုးဖောက်ဝင်ရောက်လာနိုင်ခြေ များပြားလာပါတယ်။ ဒီဇာတ်ကားထဲမှာ ပရီယန်ကာက ဒွိန်းဂျွန်ဆင်၊ ဇက်အက်ဖရွန်တို့နဲ့အတူ သရုပ်ဆောင်ထားတာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ရုံတင်မှာဖြစ်ပါတယ်။

play

 

ပရီယန်ကာကို Cosmopolitan က အင်တာဗျူးပြုလုပ်စဉ်မှာတော့ သူမရဲ့အကြောင်းအရာတွေအပြင် ဇက်အက်ဖရွန်နဲ့ သရုပ်ဆောင်ခဲ့စဉ်က အကြောင်းတွေကိုပါ မေးမြန်းဖြစ်ခဲ့ပါတယ်။ ဇက်ဖရွန်က အရမ်းကိုရယ်စရာကောင်းတဲ့လူဖြစ်ပြီး ခင်မင်ရင်းနှီးဖို့လွယ်ကူလွန်းတဲ့လူပါလို့ ပရီယန်ကာက ဖြေကြားသွားခဲ့ပါတယ်။

Source : Cosmopolitan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ