International Celebrity: နွမ်းပါးပြီးနာမကျန်းဖြစ်နေတဲ့ ကလေးတွေအတွက် လီယမ်ပင်းန်က လက်ဆောင်တွေပေးပို့

ကိုယ်တိုင်လက်ရေးနဲ့ရေးထားတဲ့ ပို့စ်ကတ်တွေလည်း ပါဝင်ပါတယ်။

play

 

ပြီးခဲ့တဲ့သီတင်းပတ်တွေက တစ်ကိုယ်တော်အယ်လ်အမ်အတွက် လော့စ်အန်ဂျလိစ်မှာ အလုပ်များနေခဲ့တဲ့ လီယမ်ပင်းန်ဟာ မွေးရပ်ဇာတိမြို့လေးကိုတော့ မမေ့မလျော့သူပါ။ သောကြာနေ့မှာ သူ့ရဲ့မွေးရပ်ဇာတိ ဝုလ်ဗာဟမ်တန်မြို့ကို သွားရောက်ကာ ဆေးရုံတက်နေရတဲ့ နွမ်းပါးကလေးငယ်တွေကို ခရစ္စမတ်လက်ဆောင်တွေ ပေးအပ်ခဲ့ပါတယ်။

play

 

New Cross ဆေးရုံက လီယမ်ဟာ လက်ဆောင်ရာနဲ့ချီ ပေးခဲ့ကာ ဆေးရုံတက်နေရတဲ့ ကလေးငယ်တွေကို အားပေးခဲ့တယ်လို့ ပြောပါတယ်။ ပြီးတော့ ကိုယ်တိုင်လက်ရေးနဲ့ရေးထားတဲ့ ပို့စ်ကတ်တွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ကလေးတွေကိုတော့ ခရစ္စမတ်နေ့မှပဲ ဆေးရုံဝန်ထမ်းတွေက ပေးအပ်မှာဖြစ်ပါတယ်။ ကလေးတွေတော့ လီယမ်ပေးခဲ့တဲ့ လက်ဆောင်နဲ့ ကတ်တွေအကြောင်း သိပြီးတဲ့နောက် အူမြူးနေကြပြီး ခရစ္စမတ်နေ့ မြန်မြန်ရောက်ချင်နေကြပါပြီ။

Source : Daily Mail

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ