International Celebrity: ဖခင်အတွက်ရည်စူးပြီး ဒေါ်လာငါးသိန်းလှူဒါန်းတဲ့ ခရစ္စပရတ်

မြန်မာကျပ်ငွေနဲ့ဆိုရင် သိန်း ၆၈၀၀ လောက် ရှိတာပေါ့။

play

 

Guardians of the Galaxy မင်းသား ခရစ္စပရတ်ဟာ ကွယ်လွန်သူဖခင်အတွက် ရည်စူးပြီး ဒေါ်လာငါးသိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဖခင် ဒန်ပရတ်အတွက် အမှတ်တရဖြစ်အောင် Dan Pratt Memorial Teen Center တည်ဆောက်ဖို့ လှူဒါန်းခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့မွေးရပ်ဇာတိဖြစ်တဲ့ ဝါရှင်တန်မြို့၊ လိတ်ခ်စတီဗင်စ်မှာ လှူလိုက်တာပါ။

ဒီလိုများပြားလှတဲ့ ငွေပမာဏကို ခရစ်စ်ရဲ့ Omaze ဖောင်ဒေးရှင်းကတစ်ဆင့် ရရှိခဲ့တာပါ။ ပရိသတ်တွေလှူဒါန်းခဲ့တဲ့ အလှူငွေတွေကို ခရစ္စပရတ်က တစ်ဆင့်ပြန်လည်လှူခဲ့တာဖြစ်ပြီး ပရိသတ်တွေကိုလည်း ဖေ့စ်ဘွတ်ပေါ်မှာ ကျေးဇူးတင်စကားဆိုထားပါတယ်။ ခရစ္စပရတ်နဲ့ ဂျနီဖာလောရင့်စ်တို့ ပါဝင်ထားတဲ့ Passengers ဇာတ်ကားကိုလည်း ယခုလအတွင်းမှာ စတင်ပြသနေပြီဖြစ်ပါတယ်။

Source : Christ Pratt Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ