International Celebrity: သမီးမိန်းကလေးချည်းပဲ ကိုးယောက်လိုချင်တယ်လို့ ရိုင်ယန်ရေးနိုးစ်ပြော

သားယောက်ျားလေးက အဆော့သန်တော့ မလိုချင်ပါဘူးတဲ့။

play

 

အသက် ၄၀ ရှိနေပြီဖြစ်တဲ့ Deadpool မင်းသားက သမီးနှစ်ယောက် ပိုင်ဆိုင်ထားပြီးတာတောင်မှ နောက်ထပ် သမီးတွေအများကြီး လိုချင်သေးတယ်လို့ ဆိုပါတယ်။

" ကျွန်တော့်မှာသာ သမီးကိုးယောက်ရှိမယ်ဆို ကျွန်တော်တော့ စိတ်လှုပ်ရှားနေရမှာပဲ။ ကျွန်တော် တကယ်လိုချင်တာပါ။ သမီးတစ်ယောက်မွေးဖွားလာတယ်ဆိုတာ ကျွန်တော့်အတွက် အိပ်မက်တစ်ခု တကယ်ဖြစ်လာသလိုပါပဲ" လို့ People မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

play

 

သူ့အသက် ၈ နှစ်တုန်းက အစ်ကိုတွေနဲ့အတူ အိမ်မှာသောင်းကျန်းပြီး နံရံတွေကိုဖျက်ဆီးခဲ့မိဖူးလို့ သားယောက်ျားလေး မလိုချင်ဘူးလို့ ဖြည့်စွက်ပြောကြားပါသေးတယ်။ ရိုင်ယန်ဟာ မင်းသမီး ဘလိတ်ခ်လိုက်ဗလီနဲ့အတူ ဂျိမ်းစ်နဲ့ အိုင်နက်စ်ဆိုတဲ့ သမီးနှစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။

Source : People

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ